ရှေ့သို့
Image

စုံစမ်းစစ်ဆေးခြင်းခံနေရပြီး အပြစ်တွေ့ရှိခဲ့ပါက အမှတ်လျော့ခံရမယ့်အရေးနှင့် ရင်ဆိုင်နေတဲ့ ဘန်လေ

1:24 PM, 24 April

တန်းဆင်းဇုန်မှာ ရုန်းနေရတဲ့ ရီးဒင်းဟာ ဘန်လေနှင့် သရေကျခဲ့ပြီးနောက် အဖိုးတန် ၁ မှတ်ရရှိခဲ့ကာ ပြိုင်ဘက်ဖြစ်တဲ့ ဟက်ဒါဖီးလ်ကတော့ ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။ စနေနေ့က ရီးဒင်းနှင့်ပွဲမှာ ဘန်လေဟာ ကစားသမား ၆ ဦးအထိ အပြောင်းအလဲလုပ်ခဲ့တာဖြစ်ပါတယ်။

ဘန်လေက တန်းတက်သွားပြီဖြစ်ပြီး ပွဲအတွင်းမှာ ကွန်ပနီဟာ အရန်ကစားသမားတော်တော်များများကို ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။ ပြစ်ရှိကြောင်း စုံစမ်းသိရှိခဲ့ပါက ပြစ်ဒဏ်ချမှတ်ခြင်း သို့မဟုတ် အမှတ်လျော့ခြင်းကို ပြုလုပ်မှာဖြစ်တယ်လို့ EFL က ဘန်လေအသင်းထံသို့ စာရေးသားပေးပို့ခဲ့တာဖြစ်ပါတယ်။

အရန်ကစားသမားအချို့ကလည်းပွဲထွက်ခွင့်လိုအပ်နေပြီး ကစားသမားအပြည့်ကို သုံးချင်တာကြောင့် လူစားလဲမှုတွေလုပ်ခဲ့တာဖြစ်ပါတယ်လို့ ဘန်လေက တုန့်ပြန်ထားပါတယ်။ ဒါ့အပြင် ဘန်လေဟာ တန်းဆင်းဇုန်နားမှာ ရုန်းကန်နေရတဲ့ QPR ကိုလည်း အိမ်ကွင်းမှာ ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်သေးတယ်။
လက်ရှိအချိန်မှာ ဟက်ဒါဖီးလ်က ၄၄ မှတ်၊ ရီးဒင်းက ၄၃ မှတ်ဖြင့် ရပ်တည်နေကြတာပါ။ သူတို့ ၂ သင်းစလုံးဟာ နောက်ဆုံးပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။ ဘန်လေကတော့ ပရီးမီးယားလိဂ်သို့ စောစီးစွာ တန်းတက်သွားပြီလည်းဖြစ်ပါတယ်။

လိဂ်ရဲ့ထိပ်တန်းဂိုးသွင်းမှုနဲ့အတူ ခံစစ်မာကျောတဲ့အသင်းဖြစ်တဲ့ ဘန်လေဟာ ကွန်ပနီရဲ့လက်အောက်မှာ တန်းတက်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။ သူတို့အသင်းရဲ့ ကစားပုံက အရမ်းကိုကောင်းခဲ့ပြီး ထရက်ဖ်မိုးလ်မှာ အမြဲတမ်းတွေ့ခဲ့ရကာ ဒီနွေရာသီမှာ အသုံးစရိတ်အဖြစ် ပေါင်သန်း ၁၂၀ ရရှိတော့မှာဖြစ်ပါတယ်။ ကွန်ပနီရဲ့ စွမ်းဆောင်မှုတွေကြောင့် တော့တင်ဟမ်၊ ဝက်စ်ဟမ်း၊ ချဲလ်ဆီးတို့အားလုံးဟာ မန်စီးတီးကစားသမားဟောင်းကို ခေါ်ယူဖို့ ချိတ်ဆက်နေကြပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

#ရီးဒင်း #ဘန်လေ #ကွန်ပနီ