ရှေ့သို့
Image

တော့တင်ဟမ်၊ ချဲလ်ဆီးတို့နှင့် ချိတ်ဆက်နေတယ်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့တဲ့ ကွန်ပနီ

1:20 PM, 24 April

သူဟာ ချဲလ်ဆီနှင့် တော့တင်ဟမ်တို့ကို ကိုင်တွယ်မယ့်နည်းပြတွေထဲက တစ်ဦးဖြစ်နိုင်တယ်ဆိုတဲ့ သတင်းတွေအပေါ်  ဘန်လေနည်းပြ ကွန်ပနီက "ကျွန်တော့်မှာ ဒါတွေအတွက် ပြောဆိုဖို့ အချိန်မရှိပါဘူး" လို့ တုန့်ပြန်လိုက်ပါတယ်။ ဆိုးရွားလှတဲ့ရာသီပြီးနောက်မှာတော့ လန်ဒန်ကလပ်တွေဟာ နည်းပြ ခန့်အပ်ဖို့အတွက် ဆုံးဖြတ်နေကြတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြဟောင်း နာဂယ်စ်မန်းကို ကလပ်နှစ်ခုစလုံးက အပြိုင်ချိတ်ဆက်နေကြသလို တော့တင်ဟမ်နည်းပြဟောင်း ပိုချက်တီနိုကလည်း ချဲလ်ဆီးနည်းပြဖြစ်လာဖို့ ထိပ်ဆုံးမှာရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရကတွေမှာ ကွန်ပနီရဲ့နာမည်ကလည်း ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

စနေနေ့က QPR ကို ရှုံးနိမ့်ခဲ့ပြီးနောက် ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မေးမြန်းရာတွင် ကွန်ပနီက "ကျွန်တော် ပြောခဲ့သလိုပဲ ဒီလိုမျိုးဆွေးနွေးထားတာတွေမရှိပါဘူး" "လက်ရှိအချိန် ကျွန်တော့်ရဲ့ခေါင်းထဲမှာ ပွဲတွေကို အနိုင်ရရှိဖို့အတွက်ကိုသာ တွေးနေတာပါ၊ အဲ့ဒီအတွက်ကိုပဲ ကျွန်တော် ဂရုစိုက်ထားပါတယ်" လို့ ဖြေပါတယ်။

ဘယ်လ်ဂျီယံကလပ် အန်းဒါလက်ချ်ကို ၂ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် အင်္ဂလန်မြေသို့ အပြန်လာတွင် ကွန်ပနီဟာ အကောင်းဆုံးစွမ်းဆောင်ထားနိုင်တာဖြစ်ပါတယ်။ မန်စီးတီး ကစားသမားဟောင်းဟာ သူ့ရဲ့ကလပ်ကို ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်အောင် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

သူ့ရဲ့အသင်းဟာ ၁၂၉ မှတ်တွင် ၉၂ မှတ်အထိ ရရှိထားပြီး သူ့ရဲ့ကစားပုံအတွက် ချီးကျူးခြင်းခံနေရတာ ဖြစ်ပါတယ်။ တန်းတက်ဖို့က သေချာသွားပြီဖြစ်သော်လည်း ကွန်ပနီရဲ့အလုပ်တွေက မပြီးသေးကာ တော့တင်ဟမ်ကတော့ အနီးကပ်ဆွေးနွေးနေပုံရပါတယ်။

#ချဲလ်ဆီး #တော့တင်ဟမ် #ကွန်ပနီ #ပရီးမီးယားလိဂ်