ရှေ့သို့
Image

အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖို့ရှိနေတဲ့ ဖာမီနိုရဲ့နေရာကို ဘယ်သူနဲ့ အစားထိုးမလဲဆိုတာကို ပြောဆိုလိုက်တဲ့ ကလော့ပ်

1:17 PM, 24 April

လီဗာပူးကနေ ဖာမီနိုထွက်ခွာသွားပါက သူ့ရဲ့နေရာကို ဂတ်ပိုက ဖြည့်ကာ ကစားမှာဖြစ်တယ်လို့ ကလော့ပ်က ပြောကြားလိုက်ပါတယ်။ ဖာမီနိုက စာချုပ်သစ် မချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဒီနွေရာသီမှာ လီဗာပူးဟာ ဘရာဇီးနိုင်ငံသားကို အလွတ်ပြောင်းရွှေးကြေးဖြင့် ထွက်ခွာခွင့်ပေးဖို့ရှိနေတာဖြစ်ပါတယ်။

လီဗာပူးနှင့်အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ ကမ္ဘာ့ကလပ်ဖလား၊ အက်ဖ်အအေဖလားနှင့် ကာရာဘောင်ဖလားတို့ကို ရရှိခဲ့တဲ့ ဖာမီနိုဟာ ဘာစီလိုနာသို့ ပြောင်းရွှေ့ဖို့ ဆက်သွယ်မှုတွေ ရှိနေတာပါ။ မာဆေးဆိုဒ်ရဲ့ သူ့ရဲ့ခြေရာကိုနင်းဖို့က မလွယ်ကူသော်လည်း နယ်သာလန် နိုင်ငံသားဖြစ်တဲ့ ဂတ်ပိုက လုပ်နိုင်မယ်လို့ ကလော့ပ်က ယုံကြည်နေပါတယ်။

ဖာမီနိုနှင့် မာနေးတို့ ထွက်ခွာသွားပြီးနောက် လီဗာပူးရဲ့ ခေတ်သစ်တိုက်စစ်အတွက် ကလော့ပ်က "အဆိုပါနေရာမှာ ကစားတဲ့ ကစားသမားတိုင်းအတွက် မာမီနိုရဲ့ ကစားပုံက လွှမ်းမိုးမှုရှိတယ်ဆိုတာကတော့ ရှင်းပါတယ်။ ဂတ်ပိုက အသက် ၂၃ နှစ်အရွယ်သာရှိသေးပြီး အရင်ကလပ်ရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဒီလိုမျိုး စောစောစီစီး ဖြစ်လာမယ်လို့လည်း မသိခဲ့ပါဘူး။ ဒီကိုရောက်လာတဲ့အခါမှာ နားလည်သွားမှာပါ။ သူက အရမ်းကိုကောင်းတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပါတယ်"  "ကစားသမားကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ သူက ကစားနိုင်ပါတယ်။ နံပါတ် ၉ နေရာမှာ သူက ကောင်းကောင်းကစားနိုင်မှာပါ။ ဒီနေရာမှာ သူ့လမ်းကြောင်းအတွက် သူဖန်တီးနိုင်ပြီး ဖာမီနိုလို ဘယ်သူကမှ မလုပ်နိုင်တာကြောင့် အတိအကျကြီး လိုက်လုပ်နိုင်ဖို့ မလိုပါဘူး" လို့ ပြောပါတယ်။

ဇန်နဝါရီ ဈေးကွက်တွင် ပီအက်စ်ဗွီကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် အင်္ဂလန်တွင် ဂတ်ပို့ရဲ့ စတင်မှုက နှေးကွေးခဲ့သော်လည်း လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်တွင် သူက ၅ ဂိုး သွင်းယူကာ ၁ ဂိုး ဖန်တီးပေးထားပါတယ်။ လက်ရှိအချိန်မှာ လီဗာပူးဟာ မာနေးကို လက်လွှတ်လိုက်တဲ့အပေါ် မေးခွန်းထုတ်ခြင်းခံနေရသော်လည်း ဂတ်ပို၊ လူးဝစ်ဒီယက်ဇ်၊ ဒါဝင်နူနကဇ်၊ ဂျိုတာ အီဂျစ်နိုင်ငံသား ဆာလက်နှင့် အတူ လီဗာပူးအတွက် ဂိုးတွေဆက်သွင်းကာ ခြေစွမ်းပြသနိုင်ဖို့ မျှော်လင့်ရပါတယ်။

#လီဗာပူး #အပြောင်းအရွှေ့ #ကလော့ပ် #ဖာမီနို #ဂတ်ပို