ရှေ့သို့
Image

ရမ်စ်ဒေးလ်ကို ချီးကျူးစကားဆိုလိုက်တဲ့ ယူနိုက်တက်စတားဟောင်း ရွန်းနီ

11:39 AM, 24 April

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက  သူဟာ အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ယူနိုက်တက်ဂန္ထဝင်ဂိုးသမား ရှမိုက်ကယ်နဲ့ ခိုင်းနှိုင်းလိုက်ပါတယ်။

အင်္ဂလန်သားဟာ ဒီရာသီ အာတီတာရဲ့အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတာဖြစ်ပြီး တော့တင်ဟမ်နဲ့ လီဗာပူးပွဲတွေမှာ လက်စွမ်းပြခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်သားဟာ ဆောက်သမ်တန်နဲ့ပွဲမှာတော့ မထင်မှတ်တဲ့အမှားလုပ်ခဲ့ပြီး အိမ်ကွင်းမှာ ၃-၃ သရေသာ ကန်နိုင်ခဲ့ပါတယ်။

အမှားရှိခဲ့ပေမယ့် ရွန်းနီက ရမ်စ်ဒေးလ်ကို ချီးကျူးခဲ့ပြီး ရှမိုက်ကယ်နဲ့ဆင်တူတယ်လို့ ခိုင်းနှိုင်းခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်က ရမ်စ်ဒေးလ်ရဲ့အမာခံပရိသတ်ပါ။ ဆောက်သမ်တန်နဲ့ပွဲမှာ အမှားလုပ်ခဲ့ပေမယ့် သူအများကြီး ကာကွယ်ခဲ့တာတွေရှိပါတယ်။ သာမန်အားဖြင့် ဂိုးသမားတွေမှာ မင်းတို့လိုချင်တဲ့အနေအထားမျိုးရှိမှာပါ။ ဒါပေမယ့် သူတို့ တည်ငြိမ်မှုရှိဖို့လည်း လိုအပ်ပါတယ်။ ရမ်စ်ဒေးလ်က တက်ကြွပြီး တကယ်ကောင်းတဲ့ ဂိုးသမားတစ်ဦးပါ။ သူ့ကိုမြင်ရတာ ရှမိုက်ကယ်ကို ပြန်မြင်ရသလိုပါပဲ။ သူ့အနေနဲ့ ရှမိုက်ကယ်လို အဆင့်အတန်းမျိုးရောက်အောင် ဆက်လုပ်သွားဖို့ လိုအပ်ပါတယ်။ သူက ဟာလန်းကိုလည်း ကြောက်လန့်နေမှာမဟုတ်သလို အာတီတာ အနေနဲ့ နော်ဝေသားနဲ့ ရင်ဆိုင်ရချိန်မှာ အကြောက်အလန့်မရှိကစားဖို့ အလိုရှိနေမှာပါ”လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ၃ ပွဲဆက်နိုင်ပွဲပျောက်ထားပြီး ဗုဒ္ဓဟူးနေ့မှာ ဂွါဒီယိုလာရဲ့စီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အီတီဟက်မှာ အနိုင်ရခဲ့ရင်တော့ အာဆင်နယ်ရဲ့ ချန်ပီယံအိပ်မက်က ဆက်လက်ရှင်သန်လာနိုင်ပြီး စီးတီးလက်ထဲမှာတော့ ၁ ပွဲ ကျန်ရှိနေတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရွန်းနီ #ရမ်စ်ဒေးလ် #ပရီးမီးယားလိဂ်