ရှေ့သို့
Image

အာဆင်နယ် ဘယ်နောက်ခံကစားသမား တီယာနေးကို ခေါ်ယူဖို့ စီစဉ်နေတဲ့ နယူးကာဆယ်အသင်း

10:55 AM, 24 April

အာဆင်နယ်အသင်း၏ ဘယ်နောက်ခံကစားသမားဖြစ်သူ တီယာနေးကို ခေါ်ယူဖို့အတွက် နယူးကာဆယ် အသင်းကို နည်းပြဖြစ်သူ အက်ဒီဟောင်းက တောင်းဆိုလိုက်ပါတယ်။

နယူးကာဆယ်အသင်း မန်နေဂျာဖြစ်သူ အက်ဒီဟောင်းသည် ပရိသတ်များ၏ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရသည့် နောက်ခံလူ ဒန်ဘန်း ဘက်မှ ပြင်းထန်စွာ ခုခံကာကွယ်ခဲ့ပြောကြားခဲ့ပါတယ်။ အသက် ၃၀ နှစ်ရှိပြီဖြစ်တဲ့ နယူးကာဆယ် ဗဟိုခံစစ်ကစားသမားဖြစ်သူ ဒန်ဘန်းသည် အသင်း၏ ဘယ်နောက်ခံလူ တစ်ဦးဖြစ်တဲ့ မတ်တားဂါတ် ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရချိန် လိုအပ်ချက်အရ ဘယ်နောက်ခံလူနေရာမှာကစားနေရပြီး မကြာသေးမီရက်သတ္တပတ်များအတွင်းရုန်းကန်နေခဲ့ရပါတယ်။

နည်းပြဖြစ်သူ အက်ဒီဟောင်းသည် အခြားပြိုင်ဘက်အသင်းများကို ပိုမိုဖိအားပေးနိုင်ရန်အတွက် နယူးကာဆယ် အသင်းကို အဆင့်မြှင့်တင်ရန်လိုလားနေပြီး ကစားသမားသစ်ခေါ်ယူမည့်စာရင်းတွင် အာဆင်နယ်အသင်း၏ ဘယ်နောက်ခံလူ တီယာနေးသည် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ တီယာနေးဟာ ဂန်းနားတို့၏ အစီအစဉ်တွင် ဇင်ချန်ကို ၏နောက်မှ ပွဲထွက်ခွင့်ရရှိနေသူတစ်ဦးဖြစ်ပါတယ်။

တီယာနေး နှင့် နီးစပ်သော သတင်းရင်းမြစ်များက နွေရာသီအပြောင်းအရွှေ့တွင် နယူးကာဆယ်သို့ ပြောင်းရွှေ့နိုင်ဖွယ်များနိုင်သည်ဟု ယုံကြည်နေကြပါတယ်။ အက်စတွန်ဗီလာကစားသမားဟောင်းဖြစ်သူ ဒန်ဘန်း၏ ညံ့ဖျင်းသောပုံစံကြောင့် တနင်္ဂနွေနေ့တွင် တော့တင်ဟမ်ဟော့စပါးနှင့်ပွဲစဉ်တွင်မကစားရန် ပရိသတ်များရဲ့ ဝေဖန်မှုတွေကို နည်းပြဖြစ်သူ အက်ဒီဟောင်းက ဒန်ဘန်းအား ချီးကျူးပြီး ကာကွယ်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

"ဒါက အသင်းဆီ ပြင်းပြင်းထန်ထန်ပေးဆပ်နေတဲ့ ဒန်ဘန်းက ဝေဖန်ခံရတာကျွန်တော် အံ့သြမိပါတယ်‌။ သူဟာ မယုံနိုင်စရာပါပဲ။ ဘယ်နောက်ခံလူနေရာမှာကစားဖို့ သူကမစီစဉ်ထားဘူး။ မက်တားဂါတ် ဒဏ်ရာတွေ ရခဲ့ပြီး သူ့အတွက်လည်း အခွင့်အရေးရခဲ့တယ်။ သူဟာ အဲဒီနေရာမှာ အနည်းငယ် ထူးထူးခြားခြား ရှိနေပေမယ့် သူ့ရဲ့ သဘောထားနဲ့ ကစားနိုင်စွမ်းက အဆင့်အမြင့်ဆုံးပါပဲ။ တစ်ခါတလေ သူပေးဆပ်တဲ့အရာကို တိုင်းတာလို့ မရဘူး။ ဒန်နီကို ကျွန်တော်တို့ အရမ်းတန်ဖိုးထားပြီး သူ့ရဲ့ စွယ်စုံရကစားသမားလည်း ဖြစ်တာကြောင့် အသင်းအတွက်အရေးကြီးပါတယ်" လို့ပြောကြားခဲ့ပါတယ်။

အက်ဒီဟောင်း သည် ပြီးခဲ့သည့်အပတ်က အက်စတွန်ဗီလာအား ၃-၀ ဖြင့် ရှုံးနိမ့်ပြီးနောက်တွင် နယူးကာဆယ်အသင်းထံကြီးမားသော တောင်းဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။ နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အတောင့်တင်းဆုံးခံစစ်ကို ပိုင်ဆိုင်ထားပြီး ပွဲ ၃၀ မှာ ၂၄ ဂိုးသာ ပေးခဲ့ရပါတယ်။ ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ထရစ်ပီယာ၊ ဖာဘီယန်ချား၊ ဆဗန်ဘော့မန်းနှင့် ဒန်ဘန်းတို့သည့် ဂိုးသမား နစ်ခ်ပုပ်၏ ရှေ့တွင်  အကြိတ်အနယ်ကာကွယ်ခဲ့ကြပါတယ်။

အက်ဒီဟောင်းက “ကျွန်တော်က အဲဒါကို ပြောင်းတာ ဘာပြဿနာမှ မရှိပါဘူး၊ ဒါပေမယ့် အပြောင်းအလဲတွေ ကြီးကြီးမားမားမလုပ်တော့ဘဲ ရှိပြီးသားနောက်ခံလူတွေနဲ့ ကစားတာက အသင်းရဲ့ ဟန်ချက်နဲ့ ကြံ့ခိုင်မှုကို ဆုံးရှုံးသွားပါတယ်။ အပြောင်းအလဲလုပ်ဖို့ အချိန်တန်ပြီလို့ ယုံကြည်ရမယ်။ ဒီနောက်တန်းလေးယောက်က ထူးချွန်ပါတယ်။ ဆိုးရွားတဲ့နေ့တစ်နေ့က အပြောင်းအလဲတစ်ခုဖြစ်လာတာကြောင့် ကျွန်တော် လိုအပ်တဲ့နေရာတွေကို ဖုန်းခေါ်ရမှာပေါ့”ဟု ထပ်မံပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #နယူးကာဆယ် #တီယာနေး #ပရီးမီးယားလိဂ်