ရှေ့သို့
Image

နည်းပြနေရာအတွက် ဆန်ကာတင်စာရင်းမှာ အံ့အားသင့်စရာ နာမည်တွေထည့်သွင်းလာတဲ့ ချဲလ်ဆီးအသင်း

1:53 PM, 23 April

ချဲလ်ဆီးအသင်းရဲ့ ထိပ်တန်းနည်းပြလောင်းဆန်ကာတင်စာရင်းမှာတော့ နာဂယ်စမန်း နှင့် အင်းနရစ်တို့အပြင် တော့တင်ဟမ်နည်းပြဟောင်း ပိုချက်တီနိုသည်လည်း ပါဝင်နေပါတယ်။


ချဲလ်ဆီးအသင်းသည် ပြီးခဲ့သည့်လက ဂရေဟမ်ပေါ်တာအား ထုတ်ပယ်ပြီးနောက်တွင် နာမည်ကြီးအသင်းအများအပြားမှနည်းပြများဖြစ်သည့် ဘိုင်ယန်မြူးနစ်နည်းပြဟောင်း နာဂယ်စမန်း၊ စပိန်နှင့် ဘာစီလိုနာနည်းပြဟောင်း အင်းနရစ် တိုနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ချိတ်ဆက်မှုများရှိခဲ့ပါတယ်။


ပိုချက်တီနို သည် တော့တင်ဟမ်အသင်းနှင့်အတူရရှိခဲ့တဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံကြောင့် ချဲလ်ဆီး အသင်း မှ ထိပ်တန်း ရွေးချယ်မှု တစ်ခု အဖြစ် မြင် ရပြီး အဆိုပါအာဂျင်တီးနားသား သည် လူငယ်ကစားသမားများ မွေးထုတ်ကာ ပီအက်စ်ဂျီ အသင်း တွင် ထိပ်တန်းကြယ်ပွင့်များကို ကိုင်တွယ်စဉ် က လူသိများခဲ့တာဖြစ်ပါတယ်။


ချဲလ်ဆီးက သူ့ကို ရည်မှန်းချက်ကြီးတဲ့ နည်းပြတစ်ဦးအဖြစ် ရှုမြင်ပြီး ဒီထက်မက တိုးတက်လာဖို့ အလားအလာရှိနေပါတယ်။


ပိုချက်တီနို သည် ချဲလ်ဆီးအတွက်တစ်ခုတည်းသော ရွေးချယ်ခွင့်မဟုတ်ပေ။ ဘန်လေ နည်းပြ ကွန်ပနီ သည်လည်း ချဲလ်ဆီးအသင်း စောင့်ကြည့်နေသည့် နာမည်များကြားတွင် အံ့အားသင့်ဖွယ် ရှိနေပြီး The Athletic က နောက်ထပ် အမည်မဖော်လိုသော အဆင့်သတ်မှတ်ခံရသော ကိုယ်စားလှယ်လောင်း တစ်ဦး ထပ်မံ ရှိသေးပြီး နုတ်ထွက်မည့် လုပ်ငန်းစဉ်ကို ၁၀ ရက်အတွင်း အပြီးသတ်ရန် စီစဉ်ထားကြောင်းလည်းသိရပါတယ်။


နာဂယ်စမန်း သည် စတန်းဖို့ဒ်ဘရစ်ချ်အသင်းနှင့် တွေ့ဆုံခဲ့ပြီး နောက်ထပ် ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားသော်လည်း ဂျာမန်နည်းပြက ချဲလ်ဆီးသည် သူ့အတွက် သင့်လျော်မှုမရှိဟု ဆုံးဖြတ်ခဲ့ပြီး ကျောခိုင်းခဲ့ပါတယ်။


ချဲဆီးသည် ပေါ်တာအား ထုတ်ပယ်ပြီးနောက် ဂန္တဝင်ကစားသမား ဖရန့်လမ်းပတ်အား ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။ သို့သော်လည်း ၎င်းကိုင်တွယ်နေသောချဲလ်ဆီးအသင်းသည် ယခု လေးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံး ခုနစ်ပွဲ၌ နိုင်ပွဲမရခဲ့သောကြောင့် ၎င်းတို့၏ အခြေအနေမှာ ကောင်းမွန်လာခြင်းမရှိပေ။


ချဲလ်ဆီးအသင်းသည် သီတင်းပတ်ကုန်အားလပ်ရက်နှင့် လာမည့်ဗုဒ္ဓဟူးနေ့တွင် ပရီးမီးယားလိဂ်တွင် ဘရန့်ဖိုဒ်အသင်းနှင့် ကစားရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #နာဂယ်စ်မန်း #တော့ဒ်ဘိုလေ #ပရီးမီးယားလိဂ်