ရှေ့သို့
Image

ယူနိုက်တက်အတွက် ကစားသမားကောင်းဖြစ်လာဖို့ အန်တိုနီအား ထောက်ခံပြောကြားလိုက်တဲ့ ပေါလ်စခိုးလ်

9:15 AM, 23 April

ပြီးခဲ့တဲ့နွေရာသီတုန်းက အေဂျက်စ်ကနေ ပေါင် ၈၂ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီးနောက် လိဂ်အသစ်မှာ အန်တိုနီက အသားကျခဲ့တဲ့ပုံပေါ်နေပြီဖြစ်ပါတယ်။


ဘရာဇီးနိုင်ငံသားက အိုးထရက်ဖို့ဒ်မှာ ရှည်ကြာတဲ့အနာဂတ်ရှိမလားလို့ အားကစားဝေဖန်သူတော်တော်များများက မေးခွန်းထုတ်ခဲ့ကြသော်လည်း အန်တိုနီဟာ ထူးခြားတဲ့ ကစားသမားဖြစ်လာပါပြီလို့ ပေါလ်စခိုးလ်က ပြောကြားလိုက်ပါတယ်။


အန်တိုနီဟာ ကျွန်တော်တို့ မျှော်လင့်ထားသလို ကစားသမားဖြစ်လာနေပြီး အနည်းဆုံး ၂ နှစ်အတွင်းမှာ တန်ဟက်ရဲ့လူစာရင်းမှာ အဓိက ကစားသမားဖြစ်လာမယ်လို့ ယုံကြည်မိပါတယ်လို့ ယူနိုက်တက် ကစားသမားဟောင်းက ပြောကြားလိုက်ပါတယ်။


"ရာသီအစပြီးနောက်မှာတော့ ကျွန်တော်ယုံကြည်လာပါတယ်။ အဲဗာတန်နှင့်ကစားခဲ့တဲ့ ဧပြီလ ၈ ရက်ကတည်းက သူဟာ ထူးခြားတဲ့ ကစားသမားဖြစ်လာပါတယ်"


"သူက ကစားသမားဟောင်းတစ်ဦးဖြစ်လာပြီး အဲဗာတန်နှင့်ပွဲမှာ လုပ်ခဲ့သလိုမျိုး သူ့ရဲ့ဘယ်ခြေထောက်ဖြင့် ထူးခြားအောင်လုပ်နိုင်မယ်လို့ ထင်မိပါတယ်"


"သူဟာ ဘန်ဂေါ့ဖရီရဲ့နောက်ကနေ စတင်ပြေးလာခဲ့ပြီး အဲ့ဒီလိုမျိုး ၂ ကြိမ် ၃ ကြိမ် လောက်လုပ်ခဲ့ကာ အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပါတယ်"


"သူက ပြိုင်ဘက်ကစားသမားတွေကို စတင်ကာ အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပြီး ယုံကြည်မှုရှိလာခဲ့ကာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ပုံစံမျိုးပေါ်လာခဲ့ပြီဖြစ်ပါတယ်"


"သူက ပေါတောတောတွေလုပ်နေသေးသော်လည်း အရည်အသွေးကောင်းတွေပြမယ် ဖောရက်စ်နဲ့ပွဲက ဒါလော့အတွက် ဖန်တီးပေးသလိုမျိုးလုပ်မယ်ဆိုရင် ကျွန်တော်တို့က စိတ်တိုမိမှာမဟုတ်ပါဘူး"


"သူက ဂိုးတွေသွင်းဖို့လိုတယ်၊ ဂိုးဧရိယာအတွင်းမှာ ပိုပြီးရှိနေဖို့လိုကာ လာမယ့် ၂ နှစ်အတွင်းမှာ သူက အသင်းအတွက် ဂိုးတွေအများကြီးသွင်းလာမှာဖြစ်ပါတယ်"


"သူဟာ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ ဘရာဇီးသားလေးဖြစ်ပြီး အခြားနိုင်ငံကနေလာခဲ့သူပါ။ အသားကျဖို့အတွက် အချိန်တော့ပေးရမှာပါ။ ရာသီကုန်ခါနီးသို့ရောက်လာတဲ့အခါ အဆင်ပြေလာပါပြီ။ လာမယ့် ၂ နှစ်အတွင်းသူ သူဟာ အသင်းအတွက် ကစားသမားကောင်းတစ်ဦးဖြစ်လာမှာပါ" လို့ ပေါလ်စခိုးက ယူနိုက်တက်ရဲ့ ဆီဗီလာအား ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲမတိုင်ခင် ပြောပါတယ်။


ဆီဗီလာနှင့်ပွဲမှာ အန်တိုနီက မိနစ် ၉၀ ပြည့်ကစားခဲ့ပြီး ယူနိုက်တက်ရဲ့ ၃-၀ ဂိုးဖြင့် ရှုံးနိမ့်မှုကို ချေပနိုင်ခြင်းမရှိခဲ့ကာ ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။


တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဘရိုက်တန်နှင့် ကစားရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပေါလ်စခိုးလ် #အန်တိုနီ #တန်ဟတ် #ပရီးမီးယားလိဂ်