ရှေ့သို့
Image

ချဲလ်ဆီးနည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ပိုချက်တီနို

8:09 AM, 23 April

အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုဟာ ချဲလ်ဆီးနည်းပြသစ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ရာသီကုန်၊ ပီအက်စ်ဂျီအသင်းမှ ထွက်ခွာလာရပြီးကတည်းက တော့တင်ဟမ်နည်းပြဟောင်းဟာ အသင်းလက်မဲ့နည်းပြတစ်ဦးအဖြစ် ရပ်တည်နေခဲ့ရတာပါ။

Daily Mail သတင်းဌာနရဲ့အဆိုအရ ပိုချက်တီနိုက ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ နှစ်ကြိမ်တိုင် လုပ်ပြီးသွားပြီလို့ သိရပါတယ်။ လတ်တလောမှာ ပိုချက်တီနိုက လန်ဒန်မြို့မှာနေထိုင်နေပြီး ဘောလုံးလောကဆီ ပြန်လည်ဝင်ရောက်ဖို့ စိတ်အားထက်သန်နေပါတယ်။

ပိုချက်တီနိုက အနားယူနေစဉ်ကာလအတွင်း သူ့ရဲ့အနာဂတ်အစီအမံတွေကို ချမှတ်ထားခဲ့ပြီး ဆုဖလားစိန်ခေါ်နိုင်မယ့် အသင်းမျိုးမှာသာ တာဝန်ယူသွားနိုင်ရေးကိုပဲ စိတ်ကူူးထားတယ်လို့လည်း သိရပါတယ်။

အခုဘောလုံးရာသီမှာ ချဲလ်ဆီးက အကျပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရပေမယ့် ပိုချက်တီနိုကတော့ အနောက်လန်ဒန်ကလပ်အတွက် တံခါးဖွင့်ထားဆဲ ဖြစ်ပါတယ်။

အခုလအစောပိုင်းမှာ နည်းပြဟောင်းဂရေဟမ်ပေါ်တာကို ထုတ်ပယ်ပြီးနောက် ချဲလ်ဆီးယာယီနည်းပြအဖြစ် ဖရန့်လမ်းပတ်က တာဝန်ယူနေပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #ပေါ်တာ #ပရီးမီးယားလိဂ်