ရှေ့သို့
Image

ယူနိုက်တက်အသင်း ယူရိုပါလိဂ်မှ အရှက်တကွဲထွက်ခွာခဲ့ရတာကြောင့် မကျေမနပ်ဖြစ်နေတဲ့ ပေါလ်စခိုး

10:18 AM, 22 April

ပေါလ်စခိုးသည် ဆီဗီလာကိုရှုံးနိမ့်ပြီး အရှက်ရစွာဖြင့် ယူရိုပါလိဂ်မှ ထွက်ခဲ့ရသောယူနိုက်တက် အသင်းအတွက် ပွဲအပြီး အဲရစ်ဆင်၏ အင်တာဗျူးတွင် မပျော်မရွှင်ဖြစ်ရကြောင်းပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့်အပတ်က အိုးလ်ထရက်ဖို့ဒ်တွင် ဆီဗီလာအသင်းနှင့် ၂ ဂိုးစီသရေကျထားသော ယူနိုက်တက်သည် ၎င်းတို၏ ကွာတားဖိုင်နယ်ပွဲစဉ်အတွင်စပိန်သို့သွားရောက်ခဲ့ရာ ၃-၀ ဖြင့်ရှုံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၅-၂ ဖြင့် ဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒီဂီယာနှင့် မက်ဂွါရီတို့၏ ဆိုးရွားသော အမှားအယွင်းတစ်ခု ဖြစ်ပွားပြီးနောက် ရှစ်မိနစ်အကြာတွင် ဦးဆောင်ဂိုးပေးခဲ့ရပြီး တန်ဟက်၏အသင်းမှာ စိတ်ပျက်ဖွယ်ကောင်းသော စွမ်းဆောင်ရည်ဖြင့် ယူရိုပါလိဂ်ကို နုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။

အဲရစ်ဆင်သည် ပွဲအပြီးတွင် BT Sport နှင့် စကားပြောခဲ့ပြီး ၎င်းတို့အသင်း၏စွမ်းဆောင်ရည်ကို 'ဆိုးရွားသောနေ့' အဖြစ် ဖော်ပြခဲ့ပြီး ယူနိုက်တက်အနေဖြင့် တနင်္ဂနွေနေ့တွင် ဝင်ဘာလေကွင်းမှာ ကစားမယ့် ဘရိုက်တန်နှင့်  အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို အမြန်အာရုံစိုက်နိုင်မည်ဟု မျှော်လင့်ထားကြောင်းပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ ပုံမှန်ထက်ပိုတဲ့ အမှားတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဂိုးတွေပေးလိုက်ရင် ရှုံးမှာပါပဲ။ ပရိတ်သတ်ရဲ့အားပေးမှုနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ကစားနေပုံက အနိုင်ရဖို့ ခိုင်လုံမှုမရှိပါဘူး။ ဒါဟာ ဘောလုံးပါပဲ၊ တစ်ခါတစ်လေ ကောင်းတဲ့နေ့တွေ ရှိတယ်၊ တစ်ခါတစ်လေ မင်းမှာ ဆိုးတဲ့နေ့တွေ ရှိသလို ဒီထက်ပိုဆိုးတဲ့နေ့တွေလည်း ရှိလာနိုင်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ လေးရက်အတွင်း ကစားရမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲရှိပါသေးတယ်။ ဘောလုံးကစားသမားတိုင်း အမှားလုပ်မိရင် ချက်ချင်းအပြစ်ပေးခံရတယ်။ ဒီနေ့ ကျွန်တော်တို့ အမှားတွေကနေ ပြန်ထဖို့ လုံလောက်တဲ့ ခွန်အားမရှိခဲ့ဘူး။ စိတ်ဓာတ်တွေ ပြောင်းလဲရမယ်၊ လုံးဝခြားနားတဲ့ ပြိုင်ဘက်နဲ့ ကွဲပြားတဲ့ ပုံစံဖြစ်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်၊ ဒါကြောင့် မနက်ဖြန်ကစပြီး ဘရိုက်တန်နဲ့ပွဲကို အာရုံစိုက်သွားမှာပါ"လို့ အဲရစ်ဆင်က ပြောကြားခဲ့ပါတယ်။

ပေါလ်စခိုးလ်နှင့် အိုဝင်ဟားဂရေ့တို့ထံ ကင်မရာများက ပြန်လည်ပြသချိန်တွင် ပေါလ်စခိုးလ်က "အဲဒီမှာ အဲရစ်ဆင်ကတော်တော်လေး စိတ်လှုပ်ရှားနေပုံရတယ်။ ဘာ့ကြောင့်လဲတော့ မသိပါဘူး။ ကျွန်တော်လည်း စိတ်မကောင်းပါဘူး"လို့ပြောကြားခဲ့ပါတယ်။

အဲရစ်ဆင်ဟာ မကြာသေးမီက ခြေကျင်းဝတ်ဒဏ်ရာကနေ နှစ်လကျော်အနားယူခဲ့ရပြီး တနင်္ဂနွေနေ့က နော်တင်ဟမ်ဖောရက်စ်ကိုအနိုင်ရခဲ့တဲ့ပွဲမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုပြသပြီး ပြန်လာခဲ့ပါတယ်။အဲရစ်ဆင်သည် ကြာသပတေးနေ့တွင် စပိန်၌ ဆီဗီလာနှင့်ဒုတိယအကျော့ပွဲစဉ်ကို ပွဲထွက်ကစားသမားအနေနဲ့ ပါဝင်ခဲ့ပြီး ၈၆ မိနစ်အကြာတွင် အီလန်ဂါဖြင့် အစားထိုးခံခဲ့ရပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပေါလ်စခိုးလ် #ယူရိုပါလိဂ်