ရှေ့သို့
Image

ဒဏ်ရာပြဿနာနဲ့ တွေ့ကြုံခဲ့ရပြီး ကိုပါဒယ်ရေး ဖိုင်နယ်ပွဲစဉ်တွင် ပါဝင်ရန်မသေချာတော့တဲ့ အလာဘာ

2:17 PM, 21 April

ရီးရဲလ်မက်ဒရစ်နောက်ခံလူ အလာဘာသည် ကြာသပတေးနေ့တွင် ယခင်က ကြုံတွေ့ခဲ့ဖူးသည့် ကြွက်သားဒဏ်ရာ ရရှိခဲ့ရကြောင်းသိရပါတယ်။ ဩစတြီးယားနောက်ခံလူဟာ ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လူစားလဲခံခဲ့ရပြီး အကြောင်းရင်းကတော့ သူ့ရဲ့ပေါင်ကြွက်သားဒဏ်ရာကြောင့်ဖြစ်တယ်လို့ Marcaက ပြောပါတယ်။

အလာဘာသည် ၂၀၂၃ ရာသီတွင် ပွဲစဉ်အများစု၌ပါဝင်ခွင့်မရခဲ့ပဲ ဒဏ်ရာဖြင့် ရုန်းကန်နေရပြီး မတ်လ နှောင်းပိုင်းမှသာ ပြန်လည်သက်သာလာခဲ့တာဖြစ်ပါတယ်။ အလာဘာဟာ ကိုပါဒယ်ရေးဖိုင်နယ်အဖြစ် ကစားရမယ့် အိုဆာဆူနာနှင့် မတိုင်မီ သုံးရက်အလိုမှ လေ့ကျင့်ခန်းပြန်လည်ဆင်းနိုင်မည်ဖြစ်ပြီး နှစ်ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်းသိရပါတယ်။

နည်းပြ အန်ဆယ်လော့တီသည် အလာဘာပြန်လည် ပါဝင်နိုင်သည်ဖြစ်စေ မပါဝင်နိုင်သည်ဖြစ်စေ သူ့အတွက် အရန်အစီအစဉ်များထားရှိထားကြောင်းသိရပါတယ်။ နောက်သုံးရက်အကြာတွင် လော့စ်ဘလန်ကိုစ်အခြေစိုက် ရီးရဲလ်မက်ဒရစ်အသင်းသည် ဆန်တီယာဂို ဘာနေဗျူးတွင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် မန်စီးတီးနှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အလာဘာ လွဲချော်မယ့်ပွဲတွေကတော့ ဆယ်တာဗီဂို၊ အယ်မီရီယာ၊ ဗယ်လက်ကာနို၊ ဆိုစီဒက်တို့နဲ့ကစားရမယ့် လာလီဂါပွဲစဉ်တွေပဲဖြစ်ပြီး  ရူဒီဂါဟာ သူ့ အစား ဝင်ရောက်ကစားမည်ဖြစ်ကြောင်းသိရပါတယ်။ ရီးရဲလ်မက်ဒရစ် နောက်တန်းတွင် အလာဘာသည် အသင်းနှင့် ပိုပြီးအဲဝင်ခွင်ကျဖြစ်နေသော်လည်း ယခုအခြေအနေတွင် အန်ဆယ်လော့တီသည် ရူဒီဂါကို ပြတ်ပြတ်သားသား ယုံကြည်ထားကြောင်း သိရပါတယ်။ ဒါပေမယ့် ဂျာမန်နောက်ခံလူ ရူဒီဂါက အန်ဆယ်လော့တီရဲ့ကစားကွက်တွင် ကောင်းမွန်စွာကစားနိုင်ကာ ရီးရဲလ်နောက်တန်းကို ခိုင်မာစေခဲ့ပြီး ရီးရဲလ်မက်ဒရစ်အတွက် ကြီးကြီးမားမား ဆိုးရွားတဲ့ အခြေအနေများဖြစ်နိုင်ဖွယ်မရှိကြောင်းသိရပါတယ်။

#အလာဘာ #ရီးရဲလ်မက်ဒရစ် #ကိုပါဒယ်ရေး