ရှေ့သို့
Image

ဖိုင်နယ်တွင် အေစီမီလန်က အနိုင်ရရှိခဲ့ရင်တောင် ချန်ပီယံလိဂ် ဆုတံဆိပ်ကို ရရှိမှာမဟုတ်တဲ့ အီဘရာဟီမိုဗစ်

1:46 PM, 21 April

အေစီမီလန်ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ပြီး ဖိုင်နယ်တွင် အနိုင်ရရှိခဲ့ရင်တောင် အသင်းရဲ့တိုက်စစ်မှုးဖြစ်တဲ့ အီဘရာဟီမိုဗစ်က ဆုတံဆိပ်ကို ရရှိမှာမဟုတ်ပါဘူး။

အီဘရာဟီမိုဗစ်ဟာ ဆုဖလားများစွာကို ရရှိခဲ့သော်လည်း သူ့ရဲ့ အောင်မြင်ခဲ့တဲ့ ကစားသမားဘဝတွင် ချန်ပီယံလိဂ် ဆုဖလားကို မရရှိခဲ့တာဖြစ်ပါတယ်။ အေစီမီလန်ဟာ ကွာတားဖိုင်နယ်တွင် နာပိုလီကို နှစ်ကျော့ပေါင်း ရလဒ် ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ကာ ဥရောပဆုဖလားရရှိဖို အိပ်မက်ကရှင်သန်လာခဲ့ပြီဖြစ်ပါတယ်။ ဖိုင်နယ်တွင် မီလန်က အနိုင်ရရှိခဲ့ရင်တောင် တိုက်စစ်မှုးအနေနဲ့ ဆုတံဆိပ်ကိုရရှိမှာမဟုတ်ပါဘူး။

တိုက်စစ်မှုးဟာ ဒဏ်ရာ ရရှိနေတာကြောင့် အသင်းရဲ့ စက်တင်ဘာလနှင့် ဖေဖော်ဝါရီလတို့ရဲ့ ချန်ပီယံလိဂ် လူစာရင်းတွင် မပါဝင်ခဲ့တာဖြစ်ပါတယ်။ ထို့ကြောင့် မီလန်ဟာ ဥရောပဖလားကို ၈ ကြိမ်မြောက် ရရှိခဲ့မယ်ဆိုရင်တောင် တိုက်စစ်းမှုးကြီး အနေနဲ့ ဆုတံဆိပ်ကို ရရှိမှာမဟုတ်ပါဘူး။ ဆီမီးဖိုင်နယ်တွင် မီလန်ဟာ မြို့ခံပြိုင်ဘက် အင်တာနှင့် တွေ့ဆုံနေပါတယ်။ အင်တာဟာ ဘင်ဖီကာကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခဲ့တာဖြစ်ပြီး ကလပ်နှစ်ခုစလုံးရဲ့ နာမည်ကြီးကွင်းကြီးဖြစ်တဲ့ ဆန်စီရိုမှာ တွေ့ဆုံရတော့မှာဖြစ်ပါတယ်။

မီလန်ဟာ ၁၆ နှစ်အတွင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ ပထမဆုံးအကြိမ် တက်ရောက်လာခြင်းလည်း ဖြစ်ပါတယ်။ ဒီရာသီဟာ မိုဗစ်ရဲ့ မီလန်မှာ ရှိနေတဲ့ နောက်ဆုံးရာသီလည်းဖြစ်လာဖွယ်ရှိနေပါတယ်။ ကလပ်ဟာ အသက် ၄၁ နှစ်အရွယ် တိုက်စစ်မှုးရဲ့ စာချုပ်ကို ရာသီကုန်မှာ သက်တမ်းတိုးမှာ မဟုတ်တော့ပါဘူး။ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ဆွီဒင်နိုင်ငံသားဟာ ရာသီအစပွဲစဉ်တွေကို လွဲချော်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလတွင် ပြန်ကောင်းလာခဲ့ကာ အူဒီးနီးစ်နှင့်ပွဲမှာ ဂိုးသွင်းယူခဲ့ပြီး စီးရီးအေရဲ့ အသက်ကြီးဆုံး ဂိုးသွင်းသူဖြစ်လာခဲ့ပါတယ်။
အင်တာနဲ့ အေစီတို့ဟာ ပထမဆုံးအကြိမ်အဖြစ် တစ်ရာသီအတွင်း ၅ ကြိမ်‌မြောက် တွေ့ဆုံရမှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ရဲ့ ပထမအကျော့ကို မေလ ၁၀ ရက် ဗုဒ္ဓဟူးနေ့မှာ ကစားမှာဖြစ်ပြီး ၆ ရက် အကြာမှာတော့ ဒုတိယအကျော့ကို ကစားမှာဖြစ်ပါတယ်။ အနိုင်ရရှိတဲ့ အသင်းကတော့ ဖိုင်နယ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် သို့မဟုတ် မန်စီးတီးနှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#စီးရီးအေ #အေစီမီလန် #အေဘရာမိုဗစ်ချ်