ရှေ့သို့
Image

၂၀၀၈ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ် မတိုင်ခင် ရန်ဖြစ်ခဲ့လို့ ဖာဂူဆန်ကိုယ်တိုင် ဖြန်ဖြေပေးခဲ့ရတယ်လို့ ပြောပြလိုက်တဲ့ ယူနိုက်တက် ကစားသမားဟောင်း ၂ဦး

11:07 AM, 21 April

၂၀၀၈ ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ် မတိုင်ခင်မှာ ရန်ဖြစ်ခဲ့ကြောင်းကို ယူနိုက်တက် ကစားသမားဟောင်း ၂ ဦးဖြစ်တဲ့ ဖာဒီနန်နှင့် အိုဝင်ဟားဂရေ့ဗ်တို့က ပြောကြားလိုက်ပါတယ်။

ကစားသမားဝေဖန်သူ ၂ ဦးဟာ ဘိုင်ယန်မြူးနစ် ကစားသမားတွေဖြစ်တဲ့ ဆာနေးနှင့် မာနေးတို့အကြောင်းကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုဖြစ်တာက ဘောလုံးလောကမှာ ပုံမှန်ပဲဖြစ်ပြီး အသင်းဖော်တွေတစ်ဦးနဲ့ တစ်ဦး လက်ပါကြတာက ပုံမှန်မဟုတ်တာမဟုတ်ပါဘူးလို့ ပြောဆိုထားပါတယ်။

ချဲလ်ဆီးနှင့် ကစားမယ့်ချန်ပီယံလိဂ်ဖိုင်နယ်မတိုင်ခင်မှာ သူဟာ ဖာဒီနန်နဲ့ အဆိုပါ၂ဦးကဲ့သို့ ဖြစ်ခဲ့ဖူးကြောင်း ဟားဂရေ့ဗ်က ရှင်းပြထားပါတယ်။ အဆိုပါရန်ပွဲကို ဖြန်ဖြေဖို့အတွက် ဖာဂူဆန်ကိုယ်တိုင်ဝင်ရောက်ခဲ့ရပါတယ်။

"ကျွန်တော်နဲ့ ဖာဒီနန်တို့က ချဲလ်ဆီးနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲမတိုင်ခင် လေ့ကျင့်ရေးမှာ ရန်ဖြစ်ခဲ့ကြပါတယ်" "ဖြန်ဖြေပေးဖို့အတွက်နည်းပြကြီး ဆာအဲလက်စ်ကိုယ်တိုင်ရောက်ခဲ့ရပါတယ်။ တော်တော်လေးကို ဆိုးရွားခဲ့ပြီး ဖိအားတွေလည်း အရမ်းများခဲ့ရပါတယ်" လို့ BT Sport သို့ ဟားဂရေ့ဗ်က ပြောပါတယ်။

အခြားတစ်ဖက်မှာတော့ သူတို့ ၂ ဦးဟာ လုံးဝကို ပြောင်းလဲသွားခဲ့ပြီး ဂျွန်တယ်ရီရဲ့ အံ့ဩဖွယ် ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက် ယူနိုက်တက်ကို ပင်နယ်တီတွင် အနိုင်ရရှိဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။
အသင်းဖော်ဟောင်းဖြစ်တဲ့ ရော်နယ်ဒိုကို အနိုင်ကျင့်ခဲ့ကြောင်း မကြာသေခင်က ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။

"အဲ့ဒီအချိန်တုန်းက ရော်နယ်ဒိုက ကျွန်တော်တို့ထက် ငယ်ရွယ်တဲ့ လူငယ်ကစားသမားပါ။ သူကို ကျော်ပြီး အနိုင်ကျင့်လိုက်တာပါပဲ" "သို့သော်လည်း သူ့အတွက် ဒါကိုခံနိုင်ရည်ရှိဖို့ ကြိုးစားတည်ဆောက်လိုက်သလိုပါပဲ" လို့ ဖာဒီနန်က ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဂူဆန် #ပရီးမီးယားလိဂ်