ဆီဗီလာကို ဂိုးပြတ်ရှုံးနိမ့်မှုမှာ အမှားတွေကျူးလွန်ခဲ့တဲ့ ဒီဂီယာကို ဝေဖန်ခဲ့တဲ့ ပေါလ်စကိုးလ်
10:37 AM, 21 April
မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကွင်းလယ်လူ ပေါလ်စကိုးလ်ဟာ ဆီဗီလာကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အမှားတွေ ကျူးလွန်ခဲ့တဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာရဲ့ အနာဂတ်နဲ့ ပက်သက်လို့ မေးခွန်းထုတ်သွားခဲ့ပါတယ်။ ၃၂ နှစ်အရွယ် ဂိုးသမား ၂၀၁၁ မှာ အက်သလက်တီကိုမက်ဒရစ်ကနေ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းအတွက် ပွဲပေါင်း ၅၀၀ ကျော် ကစားပေးခဲ့ပြီး ဖြစ်ပါတယ်။
ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်တော့မယ့် စပိန်သား ဂိုးသမားဟာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့နီးစပ်နေပေမယ့် လစာလျှော့ယူဖို့ကိုတော့ ငြင်းဆန်လျက်ရှိပါတယ်။ ဒါပေမယ့် ယူဆက်ဖ်အန် နက်ဆရီရဲ့ သွင်းဂိုး ၂ ဂိုးစလုံးက ဒီဂီယာရဲ့ အမှားကနေ ပေးလိုက်ရတာလို့ ပြောလို့ရသလို ဆီဗီလာရဲ့ ဒုတိယဂိုးဖြစ်တဲ့ လွိုက်စ်ဘာဒယ်ရဲ့ ပုခုံးနဲ့ထိပြီး ဝင်သွားတဲ့ဂိုးမှာလည်း သူ့အမှားမကင်းခဲ့ပါဘူး။ စကိုးလ်ကတော့ ဆီဗီလာနဲ့ပွဲက ဒီဂီယာရဲ့ စွမ်းဆောင်ရည်ကို တော်တော်လေး စိတ်ပျက်လျက်ရှိပြီး ယူနိုက်တက်အနာဂတ်နဲ့ ပတ်သက်လို့ မေးခွန်းထုတ်သွားခဲ့ပါတယ်။
ကွင်းလယ်ကစားသမားဟောင်းကြီးက “ ဂိုးသမားကိုတော့ မေးခွန်းထုတ်မှရတော့မယ့် အထူးသဖြင့် ဒီညလက်စွမ်းပဲ။ အဲရစ်တန်ဟတ်က သူ့ရဲ့ကစားကွက်ကို ခံစစ်ကနေ စတင်တာမျိုးလိုချင်တာပါ။ ဒေးဗစ်ဒီဂီယာကလည်း ဂိုးသမားကောင်းတစ်ယောက်ပါ ဒါပေမယ့် ဘောလုံးသမားကောင်းတော့ မဟုတ်ဘူး။ ဟယ်ရီမက်ဂွာရီဆီ သူ့ရဲ့ပေးပို့မှုကိုကြည့်ရင် သိသာပါတယ်။ ဒါပေမယ့် ကိုယ်ကဘောလုံးမပေးခင် အခြေအနေကို အရင်ကြည့်ရတယ်၊ ဘာတွေဖြစ်သွားနိုင်လဲ မှန်ကန်တဲ့နေရာ ဟုတ်ရဲ့လားချင့်ချိန်ရမယ်။ ဟယ်ရီမက်ဂွာရီကလည်း ဘောလုံးတောင်းခဲ့တာလား မတောင်းခဲ့တာလား ကျွန်တော့်သေချာမသိဘူး။ ဒါပေမယ့် သူဘောလုံးတောင်းတဲ့ အမူအရာမျိုး လုပ်ခဲ့တယ်။ အရှေ့မှာ ပြောခဲ့သလိုပဲ၊ လက်ရှိကမ္ဘာ့ဘောလုံးလောကမှာ ဘောလုံးလက်ခံတာကောင်းပြီး နောက်တန်းမှာလည်း ဘောလုံးကိုင်ကစားနိုင်တဲ့ နောက်ခံလူ တစ်ယောက်ပဲရှိပါတယ်။ အခုပြောချင်တာကတော့ နည်းပြအနေနဲ့ သူ့ကို ဆက်ကစားခိုင်းဦးမယ်ဆိုရင်တော့ အခြေအနေကို အရင်ဆုံးလေ့လာစေချင်ပါတယ်။ နည်းပြကလည်း ကွင်းတွင်းအခြေအနေကို လေ့လာရမယ်။ ဂွာဒီယိုလာဆိုရင် ကွင်းဘေးကနေ တစ်ချိန်လုံးအော်ဟစ်နေတာ။ အဲ့ဒီပေးပို့မှုတွေမှာ ဆီဗီလာက အစကတည်းက ခပ်ကြမ်းကြမ်း ဝင်လုဖို့ စီစဉ်ထားတာပါ၊ ဒါကို သူတို့က ထောင်ချောက်ထဲ တန်းဝင်သွားခဲ့တယ်။ အဲ့ဒီဂိုးကနေပဲ တစ်သင်းလုံးပြာယာခတ်သွားပုံပဲ၊ မေးချင်တာကတော့ သူ(ဒီဂီယာ)က တန်ဟတ်ရဲ့ ကစားကွက်မှာ အံဝင်ပါ့မလားဆိုတာပဲ”လို့ မေးခွန်းထုတ်သွားခဲ့ပါတယ်။