ရှေ့သို့
Image

အလာဘာရဲ့ ဒဏ်ရာအခြေအနေအကြောင့် စောင့်ကြည့်မှု ပြုလုပ်နေရတဲ့ ရီးရဲလ်မက်ဒရစ်

2:07 PM, 20 April

ဘိုင်ယန်မြူးနစ်အသင်းနဲ့ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် မန်စီးတီးအသင်းက ၂ကျော့ပေါင်း ရလဒ် ၄ဂိုး - ၁ဂိုး ဖြင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ချဲလ်ဆီးကို အနိုင်ရထားတဲ့ ရီးရဲလ်အသင်းက အလာဘာ ကြံ့ခိုင်မှုအားနည်းနေတဲ့ အပေါ် နောက်တန်းအတွက် စိုးရိမ်နေရတာပဲ ဖြစ်ပါတယ်။

နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ရလဒ်ကောင်းတွေ ရထားခဲ့ပြီး ကွားတားဖိုင်နယ်အဆင့်တွင် ချဲလ်ဆီးအသင်းကို ၂ကျော့ပေါင်း ရလဒ် ၄ဂိုး - ၀ဂိုး ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်အဆင့်ကို ထက်မံတက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက ချဲလ်ဆီသင်းကို ၀ - ၂ ရလဒ်ဖြင့် အနိုင်ရခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်ရဲ့ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ အလာဘာအနေဖြင့် ဒဏ်ရာရခဲ့တာကြောင့် ဆက်လက်ကစားနိုင်ခြင်းမရှိဘဲ အခြား နောက်တန်းကစားသမားတစ်ဦးဖြစ်တဲ့ ရူဒီဂါနဲ့ လူစားလဲခဲ့ရတာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်တွင် ဒဏ်ရာရခဲ့တာကြောင့် အလာဘာအနေဖြင့် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အပါဝင် အိုဆာဆူနာအသင်းနဲ့ ထိပ်တိုက်ကစားရမယ့် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲစဉ်တွေကို MRI စစ်ဆေးချက်အရ လွဲချော်ရမှာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အခြား အဓိကပွဲထွက်နောက်တန်းကစားသမား တစ်ဦးဖြစ်တဲ့ ဘရာဇီးကစားသမား မီလီတာအိုကလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် မန်စီးတီးအသင်းနဲ့ ကစားရမယ့် ဆီမီးဖိုင်နယ်ပထမအကျော့ ပွဲစဉ်ကို လွဲချော်ရမှာဖြစ်ပြီး မက်ဒရစ်ကလပ်ရဲ့ နည်းပြ အန်ဆယ်လော့တီအတွက် ခေါင်းခဲစရာအခြေအနေပဲ ဖြစ်ပါတယ်။

#မန်စီးတီး #အလာဘာ #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ်