ရှေ့သို့
Image

ဂျာမန်မြေမှာလည်း ပြန်မလာနိုင်ခဲ့ဘဲ ဂိုးပြတ်ရှုံးပွဲနဲ့အတူ ကွာတားဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်

3:43 AM, 20 April

ဘိုင်ယန်မြူးနစ် ၁-၁ မန်စီးတီး (နှစ်ကျော့ပေါင်းရလဒ် ၁-၄)

ဟာလန်း(၅၇မိနစ်)

ကင်မစ်ရှ် (၈၃မိနစ်)(ပင်)


ဘိုင်ယန်မြူးနစ်အသင်းဟာ ယနေ့ညပဲွစဉ်အတွင်း အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေ အသုံးမချနိုင်ခဲ့သလို အထူးသဖြင့် မန်စီးတီးဂိုးသမား အီဒါဆန်ကို မကျော်နိုင်ခဲ့ပါဘူး။ ဆာနေး၊ ကိုးမန်းတို့ အခွင့်အရေးတွေရခဲ့ရာမှာ ကောင်းကောင်းမွန်မွန် အသုံးမချနိုင်ခဲ့သလို ပထမပိုင်းအတွင်း ဟာလန်းရဲ့ ပင်နယ်တီ လွဲချော်မှုကြောင့်သာ ဒုတိယပိုင်းက အသက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းရဲ့ ဦးဆောင်ဂိုးမှာ အူပါမီကာနိုရဲ့ ကြီးမားတဲ့ အမှားကြောင့် ရခဲ့တာဖြစ်ပြီး နောက်ပိုင်းပဲွချိန်တွေမှာလည်း ပြင်သစ်သားဟာ အမှားတွေကျူးလွန်ခဲ့ပါသေးတယ်။ မန်စီးတီးကတော့ ချန်ပီယံလိဂ်မှာ နာမည်ကျော်အသင်းတစ်သင်းဖြစ်တဲ့ ဘိုင်ယန်ကို သက်သောင့်သက်သာပဲ ကျော်ဖြတ်နိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဘုရင် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရချိန်မှာ ဘာတွေလုပ်ပြဦးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပြီ​ ဖြစ်ပါတယ်။

#မန်စီးတီး #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ်