ရှေ့သို့
Image

ချဲလ်ဆီးလို့ပင် ထင်ရက်စရာမရှိကြောင်း ရင်ဖွင့်လာတဲ့ ဒရော့ဘာ

2:36 PM, 19 April

ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် တစ်ပွဲအဖြစ် ပရီးမီးယားလိဂ်မှာ ပုံစံကောင်းပြရန် ရုန်းကန်နေရတဲ့ ချဲလ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ် ချန်ပီယံရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် ပထမအကျော့ ဘာနေဗျူးကွင်းမှာ အနိုင်ရထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်း အနိုင်ရခဲ့ပြီး လန်ဒန်ကလပ်ရဲ့ ဂန္ဓဝင်ကစားသမား ဒရော့ဘာက ရလဒ်အပေါ် ငြီးတွားပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ယခုနှစ်ဘောလုံးရာသီတစ်ခုအတွင်းမှာ နည်းပြ အပြောင်းအလဲ ၃ကြိမ်ပြုလုပ်ထားတဲ့ ချဲလ်ဆီးအသင်းအနေဖြင့် ပထမအကျော့ ရလဒ်ကို အကောင်းဆုံး တုံ့ပြန်နိုင်ရန် ပြင်ဆင်လာခဲ့ပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်းကသာ ရိုဒရီဂိုရဲ့ ဒုတိယပိုင်း သွင်းဂိုး ၂ဂိုး နဲ့အတူ ထပ်မံအနိုင်ရယူပြီး ဆီးမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်း အောင်မြင်မှုရရေးအတွက် ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလီက ရာသီကြိုအပြောင်းအရွှေ့ ကာလအပြင် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာပါ အသုံးစရိတ်အလုံးအရင်း သုံးစွဲကာ နာမည်ကြီး ကစားသမားအချို့ကို ခေါ်ယူအားဖြည့်ထားခဲ့ပေမဲ့ လိဂ်ပြိုင်ပွဲအတွင်းမှာ ရလဒ်ယိမ်းယိုင်နေသလို ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဒုတိယအကျော့ ကစားအပြီးတွင် ချန်ပီယံလိဂ် ပြိုင်ပွဲကနေပါ ထွက်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ရလဒ်ဆိုးတွေနဲ့ ပတ်သက်လို့ ကလပ် ဂန္ဓဝင်ကစားသမားဖြစ်သူ ဒီဒီယာ ဒရော့ဘာက“ကျွန်တော့်အသင်းကို ပြန်တောင်မမှတ်မိတော့ပါဘူး။ ဒါက ကျွန်တော်ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းမှာ မဟုတ်တာဗျာ။ အခုက ပိုင်ရှင်အသင်း ချဉ်းကပ်မှု ပုံစံအသစ် ဖြစ်နေပါပြီ။ ဒါပေမဲ့ ရိုမန်လက်ထက်တုန်းကလည်း ကစားသမားတွေ အလုံးအရင်းခေါ်ခဲ့ဖူးတယ်ဆိုပေမဲ့ ရွေးချယ်မှု ကောင်းခဲ့ပါတယ်” “ရိုမန်တုန်းကဆို ပီတာချက်၊ ရှက်ချင်ကို၊ ဟာမန်းခရက်စ်ပို၊ အက်ဆီယန်၊ ဒရော့ဘာ၊ မာလူဒါတို့ကို ခေါ်ယူခဲ့သလို ဒီကစားသမား အစုအဖွဲ့က ဆုဖလားတွေ ဆွတ်ခူးရန် လုံလောက်ခဲ့ပါတယ်” “ခင်ဗျားအနေနဲ့ ဘောလုံးကစားရတဲ့ အပေါ် တာဝန်ယူစိတ်အပြည့်ရှိတဲ့ ကစားသမားတွေကို ခေါ်ဆောင်ရမှာ ဖြစ်သလို ဒီကစားသမားအတွေ အနေဖြင့် ကွင်းအတွင်းမှာ ကစားခွင့်ရတဲ့ အခိုက်အတန့်မှာ ရူးသွပ်စွာ တိုက်ပွဲဝင်တတ်ဖို့ လိုပါတယ်”လို့ ရင်ဖွင့် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ဒရော့ဘာ #ပရီးမီးယားလိဂ်