ရှေ့သို့
Image

မာရှယ်အား မရောင်းချဖို့ တန်ဟက်ကို သတိပေးပြောကြားလိုက်တဲ့ ဘာဘာတော့ဗ်

11:30 AM, 19 April

ဒဏ်ရာကင်းစင်နေတဲ့ မာရှယ်ဟာ ယူနိုက်တက်အတွက် ကြီးမားတဲ့ အကူအညီဖြစ်စေပါတယ်လို့ ဘာဘာတော့ဗ်က ထင်နေပါတယ်။

မတူညီတဲ့ဒဏ်ရာတွေ ရရှိနေတဲ့ မာရှယ်ဟာ လက်ရှိရာသီရဲ့ ပွဲစဉ်တော်တော်များများကို လွဲချော်ခဲ့တာဖြစ်ပြီး ဒါကြောင့် အသင်းရဲ့ ဂိုးသွင်းယူတဲ့ တာဝန်က ရက်ချ်ဖို့ဒ်ဆီသို့ ရောက်လာခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ရက်ချ်ဖို့ဒ် ဒဏ်ရာ ရရှိတဲ့အချိန် ယခုလတွင် မာရှယ်က အကောင်းဆုံးပုံစံဖြင့် ပြန်လာနိုင်ခဲ့ပြီး နောက်ဆုံး ၂ ပွဲစလုံးတွင် ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။

မည်သို့ပင်ဆိုစေကာမှု ယူနိုက်တက်ဟာ နွေရာသီမှာ ထိပ်တန်းတိုက်စစ်မှုးတစ်ဦးကို ခေါ်ယူလိုနေပြီ အသင်းရဲ့ငွေကြေးတောင့်တင်းဖို့အတွက် မာရှယ်ကို ရောင်းချမယ်လို့ သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။ တိုးတက်မှုတွေ ရှိနေတဲ့ မာရှယ်ကို တန်ဟက်အနေနဲ့ အသင်းမှာ ထိန်းထားသင့်ပါတယ်လို့ ဘာဘာတော့ဗ်က ပြောကြားလိုက်ပါတယ်။

"သူ အသင်းမှာပဲ ဆက်ရှိနေတာကို မြင်လိုပါတယ်။ မိုနာကိုမှာ ကျွန်တော်က သူနဲ့အတူတွဲကစားဖူးပါတယ်။ အခုလက်ရှိခြေစွမ်းထက် သူက ပိုကောင်းတယ်ဆိုတာ ကျွန်တော်သိပါတယ်" "တစ်ခုတည်းသော သူလုပ်ရမှာက ဒဏ်ရာကင်းစင်နေအောင်လုပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ လိုတယ်ဆိုတာကို သိသင့်ပြီး နည်းပြကလည်း ယုံကြည်လာမှာဖြစ်ပါတယ်" "ပွဲချိန်အတွင်း လူစားထိုးစရာမလိုဘဲ နောက်ပွဲအတွက် မထွက်ရဘဲ အစရှိတဲ့ အမှားတွေကို ပြင်ရန် သိဖို့လိုအပ်ပါတယ်။ နည်းပြရဲ့ အပြည့်ဝယုံကြည်ခြင်းရဖို့လိုအပ်ပြီး အဲ့ဒီနောက် အမြင့်ဆုံးစွမ်းဆောင်ရည်နဲ့ ကစားရနိုင်ရမှာဖြစ်ပါတယ်" "ဒဏ်ရာကနေ ပြန်လည် သက်သာပြီးနောက် သူ့ကိုမြင်ရတာ ကျေနပ်မိပါတယ် ယူနိုက်တက်မှာပဲ ဆက်နေတာကို မြင်ချင်ပါတယ်" လို့ ဘာဘာတော့ဗ်က Betfred သို့ ပြောပါတယ်။

ကြာသပတေးနေ့ ယူရိုပါလိဂ်ပွဲ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲအတွက် ရက်ချ်ဖို့ဒ်က ကြံ့ခိုင်မှုပြည့်ဝသေးမှာ မဟုတ်ပါဘူး။ အိုးထရက်ဖို့ဒ်မှာတုန်းက ယူနိုက်တက်ဟာ ၂ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း OG ၂ ဂိုး ပေးလိုက်ရတာကြောင့် စပိန်မြေမှာ ကစားရမယ့်ပွဲမှာတော့ အနိုင်ကန်ရတော့မှာဖြစ်ပါတယ်။

လုခ်ရှော၊ မာလာစီယာ၊ ဆာဘစ်ဇာတို့က ပါဝင်နိုင်သော်လည်း ဖာနန်ဒက်စ်ကတော့ ပွဲပယ်ခံထားရပါတယ်။

#မန်ချက်စတာယူနိုက်တက် #မာရှယ် #ဘာဘာတော့ဗ် #ပရီးမီးယားလိဂ်