ရှေ့သို့
Image

ဘရိုက်တန်နဲ့ရှုံးပွဲက သူ့အတွက် စိတ်အပျက်ရဆုံးပွဲလို့ပြောလာတဲ့ လမ်းပတ်

9:34 AM, 16 April

လမ်းပတ်ဟာ ချဲလ်ဆီးတကျော့ပြန်နည်းပြဘ၀ သုံးပွဲဆက် ရှုံးပွဲအဖြစ် ယမန်နေ့ညက ဘရိုက်တန်ထပ်မံရှုံးနိမ့်ခဲ့ပြီး လမ်းပတ်က အသင်းဟာ ရှုံးပွဲနဲ့ ထိုက်တန်တယ်လို့ ဝန်ခံခဲ့ပါတယ်။ 

ချဲလ်ဆီးအသင်းဟာ ဂယ်လာဟာရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဝဲလ်ဘတ်၊ အီစီကိုရဲ့ သွင်းဂိုးတွေကို ပြန်လည်ခွင့်ပြုပေးခဲ့ရပြီး စတန်းဖို့ဒ်ဘရစ်ချ်မှာ ရှုံးပွဲကြုံခဲ့ပြန်ပါတယ်။

ပွဲအပြီးမှာ လမ်းပတ်က

"ကျွန်တော့်အတွက် စိတ်အပျက်ရဆုံးပွဲပါ။ ပိုကောင်းတဲ့အသင်း အနိုင်ရသွားခဲ့တာဖြစ်ပြီး အခုထက်ပိုပြီးတောင် ဂိုးပြတ်သွားနိုင်ပါတယ်။ သူတို့အသင်းဟာ စုစုစည်းစည်းနဲ့ အသင်းတစ်သင်းလို ကစားသွားခဲ့ပါတယ်။ ကျွန်တော်တို့ လုံလောက်တဲ့ ခြေစွမ်းမရှိခဲ့ပါဘူး။ တကယ့်ဘောလုံးအခြေခံတွေပါပဲ။ ကျားကုတ်ကျားခဲ ဖျက်ထုတ်ရမယ်၊ အားထုတ်ရမယ်၊ အစွမ်းကုန် ပြေးလွှားရမယ် ဒါတွေပါပဲ။ ကျွန်တော်တို့ အစစအရာရာ လိုအပ်ချက်တွေ များခဲ့ပါတယ်။”

ကျွန်တော်တို့ဟာ လာမယ့်အင်္ဂါနေ့ကျရင် တကယ့်ပွဲကြီးပွဲကောင်းတစ်ပွဲ ယှဉ်ပြိုင်ရဖို့ ရှိပါသေးတယ်။ ဒါ့ကြောင့်အရမ်းကြီး စိတ်ဓါတ်ကျလို့ မဖြစ်ပါဘူး။ ဒါပေမယ့် ဒီနေ့ပွဲမှာ ဘာကြောင့်အခုလိုပုံစံ ရှုံးနိမ့်ခဲ့ရလဲဆိုတာ နားလည်ကြဖို့တော့ လိုအပ်ပါလိမ့်မယ်။”

ကျွန်တော်တို့ တစ်သင်းလုံးမှာ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ ဒါဆိုရင် အချိန်တိုလေးအတွင်းမှာ မင်းရဲ့အသင်းဟာ အလျှင်အမြန်ကြီး တိုးတက်လာပါ့မလား? ဆိုပြီး မေးစရာ ရှိပါတယ်။ ဘောလုံးအခြေခံလေးတွေ ပိုကောင်းလာဖို့ အဓိကပါပဲ။"လို့ ပြောခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ အင်္ဂါညမှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် ဆက်လက်ကစားရဦးမှာ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ဘရိုက်တန် #လမ်းပတ်