ရှေ့သို့
Image

ကမ္ဘာ့ဖလားတုန်းက ရော်နယ်ဒိုငိုတာကြည့်ရတာ ပျော်စရာကြီးဗျာလို့ ပြောလာတဲ့ ဘူဖယ်လ်

9:59 AM, 15 April

မော်ရိုကိုကြယ်ပွင့် ဆိုဖီယန်းဘူဖယ်လ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ပေါ်တူဂီကြယ်ပွင့် ငိုတာကို ကြည့်ရတာ ပျော်ဖို့ကောင်းတယ်လို့ ပြောကြားခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ရက်ရက်စက်စက် လှောင်ပြောင်ခဲ့သလို ဘာစီလိုနာအတွက် ကစားပေးချင်တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ သမိုင်းဝင် တက်ရောက်နိုင်ခဲ့တဲ့ မော်ရိုကိုလက်ရွေးစင်အသင်းအတွက် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ကာတာကလပ် အယ်လ်ရေယန်အသင်းအတွက် ကစားပေးနေတာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံး အာဖရိကအသင်းဖြစ်လာခဲ့တဲ့ မော်ရိုကိုဟာ ကွာတားဖိုင်နယ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၈နှစ်အရွယ် ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်း ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ရသွားတာကြောင့် ပွဲအပြီးမှာ မျက်ရည်စက်လက်နဲ့ ငိုကြွေးခဲ့ပြီးနောက် ဥမင်ထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ငိုတာနဲ့ပတ်သက်ပြနး ဘူဖယ်လ်က

“ရော်နယ်လ်ဒိုကို လေးစားသမှုနဲ့ပါ။ ကျွန်တော်တို့ ငိုခဲ့ရတာထက် သူငိုတာမြင်ရတာ ပျော်ရွှင်မိပါတယ်။ ကျွန်တော် ရော်နယ်လ်ဒိုထက် မက်ဆီကို ပိုနှစ်သက်တယ်။ ကျွန်တော် ကစားပေးဖို့ ဆန္ဒရှိတဲ့အသင်းက ဘာစီလိုနာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

#ပေါ်တူဂီ #ရော်နယ်ဒို #၂၀၂၂ကမ္ဘာ့ဖလား ဘူဖယ်လ်