ရှေ့သို့
Image

ရင်ဘတ်အောင့်ဝေဒနာကြောင့် စပို့တင်းနဲ့ပွဲမှာမျက်ရည်ကျပြီး ကွင်းထဲကထွက်သွားတဲ့ ရှက်ဇနီ

4:18 PM, 14 April

ဂျူဗင်တပ်စ်ဂိုးသမား ဗွိုက်ချက်ရှက်ဇနီတစ်ယောက် ရင်ဘတ်နာကျင်မှုဝေဒနာကြောင့် စပို့တင်းလစ္စဘွန်းနဲ့ ဂျူဗင်တပ်စ်ရဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို ဆက်မကစားနိုင်ခဲ့ပဲ မျက်ရည်တွေနဲ့ ကွင်းထဲကထွက်သွားခဲ့ရပါတယ်။ 


ပထမပိုင်းမပြီးခ်မှာပဲ ရှက်ဇနီက ရင်ဘတ်အောင့်ဝေဒနာကို ခံစားနေရကြောင်း အရန်ခုံတန်းကို အကြောင်းကြားခဲ့ပြီး စိုးရိမ်စရာအခြေအနေ ဖြစ်သွားခဲ့ပါတယ်။ အသင်းဖော်တွေက ကွင်းထဲက ထွက်ခွာသွားတဲ့ ရှက်ဇနီကို လာရောက်အားပေးခဲ့ကြပြီး တစ်ကွင်းလုံးကလည်း ရှက်ဇနီကို အားပေးလက်ခုပ်တွေ တီးပေးခဲ့ကြလို့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်လည်း ဖြစ်သွားခဲ့ပါတယ်။ 


နည်းပြအယ်လီဂရီကလည်း အာဆင်နယ်ဂိုးသမားဟောင်းကို အားပေးခဲ့ပြီးနောက် လီယိုနာဒိုဘိုနူချီကိုယ်တိုင် အဝတ်လဲခန်းထဲကို တွဲပြီးလိုက်ပို့ပေးခဲ့တာ တွေ့ရပါတယ်။ ပိုလန်ဂိုးသမားဟာ မတ်တီယာပါရင်နဲ့ လူစားမလဲခင်အချိန်ထိ ဂျူဗင်တပ်အသင်း ဂိုးမပေးရအောင် လက်စွမ်းပြကာကွယ်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ပြိုင်ဘက်ပေါ်တူဂီကလပ် စပို့တင်းငလည်း သူတို့ရဲ့တွစ်တာမှာ “ ဖော်ဆာ(အားတင်းထားပါ) ရှက်ဇနီ ” ဆိုပြီး ပို့စ်တင်ကာ လေးစားမှုကို ပြသခဲ့ပါတယ်။ 


အီတလီဂျာနယ်လစ် ရိုမိယိုအဂရီစတီရဲ့ ဖော်ပြချက်အရ ရှက်ဇနီဟာ နှလုံးခုန်နှုန်း အမြန်လွန်ခဲ့တာဖြစ်ပြီး စစ်ဆေးမှုတွေအရတော့ နှလုံးခုန်နှုန်းပုံမှန်ပြန်ဖြစ်သွားပြီး အားလုံးအဆင်ပြေတယ်လို့ သိရပါတယ်။ ဂျူဗီကလည်း အသင်းရဲ့တွစ်တာကနေ “ ကနဦးစစ်ဆေးမှုတွေပြီးတော့ တက်ခ်(ရှက်ဇနီ) သက်သာသွားပါပြီ ” လို့ ရေးသားခဲ့ပါတယ်။ ၃၂ နှစ်အရွယ် ဂိုးသမားကို ယနေ့မှာ စစ်ဆေးမှုတွေ ထပ်မံပြုလုပ်ဖို့ရှိနေပြီး လူလဲခဲ့ပြီးကတည်းက ကစားသမားလည်း သက်သောင့်သက်သာဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။ ကြာသပတေးည ပထမအကျော့မှာတော့ ဂျူဗင်တပ်စ်ဟာ ဖရက်ဒရစ်ကိုဂက်တီရဲ့ တစ်လုံးတည်းသောဂိုးနဲ့ စပို့တင်းကို အနိုင်ရရှိခဲ့ပါတယ်။ 

#ဂျူဗင်တပ်စ် #ယူရိုပါလိဂ် #ဆက်ဇနီ