ရှေ့သို့
Image

ဖာနန်ဒက်စ်ကို အဝါကတ်ပြခဲ့တဲ့ ကွင်းလယ်ဒိုင်ကို ပေါလ်စခိုးလ် ဝေဖန်

12:30 PM, 14 April

ဆီဗီလာနဲ့ပွဲမှာ ဖာနန်ဒက်စ်ကို အဝါကတ်ပြခဲ့တဲ့ ကွင်းလယ်ဒိုင် ဖီးလစ်ကို ပေါလ်စခိုးလ် နဲ့ အိုဝင်ဟားဂရေ့ဗ်တို့က ဝေဖန်လိုက်ပါတယ်။

ဖာနန်ဒက်စ်ဟာာ ဆီဗီလာစတား ဂွီဒဲလ်ဂျေကို လက်မောင်းနဲ့ တိုက်ခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။


အဆိုပါဆုံးဖြတ်ချက်ဟာ ဆိုးဝါးခဲ့ပြီး ပေါ်တူူဂီသားဟာာ အခုအဝါကတ်ကြောင့် ဒုတိယအကျော့ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။

ယူနိုက်တက်ကွင်းလယ်လူဟောင်း စခိုးလ်က ပွဲအပြီးမှာ “မဖြစ်နိုင်တဲ့အနေအထားကြီးပါ။ ဒီနေ့ပွဲကို ကိုင်တွယ်တဲ့ကွင်းလယ်ဒိုင်က အရမ်းဆိုးပါတယ်။ ဘယ်ပြစ်ဒဏ်မဆို သူက အဝါကတ်ပြသဖို့ မတုံ့ဆိုင်းပါဘူး။ 


ပြီးရင် ဖရီးကစ်ပေးလိုက်ပါတယ်။ အဲ့တာက လက်ထိဘောမရည်ရွယ်ပါဘူး။ သူနဲ့တစ်ကိုက်လောက်တောင်ဝေးနေပါတယ်”လို့ စခိုးလ်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဂိုးသမားဟောင်း ရှမိုက်ကယ်ကလည်း ကွင်းလယ်ဒိုင်ရဲ့လုပ်ရပ်ကို ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။ “အဲ့တာက အဝါကတ်မဟုတ်ပါဘူး။ ကွင်းလယ်ဒိုင်က ကက်စ်မဲရိုးဖြစ်ရပ်ကျ အဝါကတ်ပဲပြခဲ့ပါတယ်။


ဖာနန်ဒက်စ်က ဘောလုံးကို ပစ်လိုက်တာပဲရှိတာပါ။ သူ့လက်က  အဲ့လိုဖြစ်ဖို့ မရည်ရွယ်ပါဘူး”လို့ ရှမိုက်ကယ်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဧပြီလ ၂၀ ရက်နေ့မှာ ဒုတိယအကျော့အဖြစ် စပိန်မြေမှာ ကစားရမှာဖြစ်ပါတယ်။


#မန်ချက်စတာယူနိုက်တက် #ဆီဗီလာ #ဖာနန်ဒက်စ် #ပေါလ်စခိုးလ် #ယူရိုပါလိဂ်