ရှေ့သို့
Image

ဆီဗီလာနဲ့ဒုတိယအကျော့ပွဲစဉ်မှာ အဓိက ကစားသမား၅ဦးမပါပဲ ကစားရနိုင်တဲ့ ယူနိုက်တက်

9:22 AM, 14 April

ယူနိုက်တက်အသင်းဟာ လာမယ့်အပတ် ဆီဗိလာနဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ်မှာ အဓိက ကစားသမား၅ဦးမပါဝင်ပဲ ကစားရနိုင်တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ ဆီဗီလာကို ဆာဘစ်ဇာရဲ့သွင်းဂိုးနှစ်ဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့ပေမယ့် ဆီဗီလာက ပွဲပြီးခါနီး မဖြစ်နိုင်တဲ့ comebackနဲ့အတူ သရေရအောင် ကစားသွားခဲ့ပါတယ်။


ယခုသရေပွဲကြောင့် ဒုတိယအကျော့ပွဲစဉ်ဟာ မျှတသွားပေမယ့် ယူနိုက်တက်ဘက်မှာကတော့ ပေးဆပ်မှုတွေ ကြီးမားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ လက်ထိဘောကြောင့် အဝါကတ်ပြခံခဲ့ရပြီးနောက် ပွဲပယ်ပြစ်ဒဏ်ထိခဲ့ပြီဖြစ်သလို ယခုပွဲကို လွဲချော်ခဲ့တဲ့ လုခ်ရှောနဲ့ ရက်ရှ်ဖို့ဒ်တို့ဟာလည်း ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်နိုင်ပါတယ်။


ဗာရာနီနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ဟာလည်း ဒီပွဲမှာ ဒဏ်ရာကိုယ်စီနဲ့ ကွင်းထဲက ထွက်ခွာခဲ့ရတာကြောင့် ဒုတိယအကျော့ပွဲကို ပါဝင်နိုင်ဖွယ်မရှိတော့ပါဘူး။

ဒါကြောင့် တန်ဟတ်အနေနဲ့ စပိန်မြေမှာ ကစားရမယ့်ပွဲစဉ်မှာ အဓိကခံစစ်မှူးတွေဖြစ်တဲ့ ဗာရာနီနဲ့ မာတီနက်ဇ်တို့ မပါဘဲကစားရနိုင်ပါတယ်။


ဒါကြောင့် လက်ကျန်ပွဲစဉ်တွေမှာတော့ အဓိက ကစားသမားတွေမပါဝင်နိုင်မှုအပေါ် ယူနိုက်တက်ပရိသတ်တေဗွ စိုးရိမ်နေကြပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


#မန်ချက်စတာယူနိုက်တက် #ဆီဗီလာ #ယူရိုပါလိဂ် #မာတီနက်ဇ် ဆာဘစ်ဇာ