ရှေ့သို့
Image

ဘယ်လင်ဟမ်််ကို မခေါ်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဒီကလန်ရိုက်စ်နဲ့ ဘာရယ်လာတို့အား ပစ်မှတ်ထဲ ထည့်သွင်းလိုက်တဲ့ လီဗာပူး

10:06 AM, 13 April

ဘယ်လင်ဂမ်အား ခေါ်ယူရေးကနေ နှုတ်ထွက်ခဲ့ပြီးနောက် လီဗာပူးဟာ နွေရာသီမှာ ကလော့ပ်အတွက် ကစားသမားခေါ်ယူပေးရန် ကွင်းလယ်ကစားသမား ၆ ဦးအထိ အဝယ်စာရင်းထဲသို့ ထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။ နွေရာသီ ကစားသမားခေါ်ယူရေးအတွက် ကလော့ပ်နှင့်ဆွေးနွေးပြီးနောက် လီဗာပူးဟာ ဘယ်လင်ဂမ်အတွက် ပြိုင်ဆိုင်မှုကနေ အံ့ဩဖွယ်နှုတ်ထွက်ခဲ့ပြီး အဝယ်စာရင်းထဲသို့ ဒီကလန်ရိုက်စ်နဲ့ နီကိုလိုဘာရယ်လာ တို့ကို ထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။

ဘယ်လင်ဂမ်ဟာ ဒီနွေရာသီမှာ လီဗာပူးရဲ့အဓိက ပစ်မှတ်ဖြစ်လို ဆွေးနွေးဖို့အတွက် ဒေါ့မွန်အသင်းထံသို့ တရားဝင်ကမ်းလှမ်းခဲ့ပါတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ကလပ်ပိုင်ရှင်တွေနဲ့ ကလော့ပ်တို့ ဆွေးနွေးခဲ့ပြီးနောက်မှာတော့ အသက် ၁၉ နှစ်အရွယ် ကစားသမားကို ခေါ်ယူရေးကနေ လီဗာပူးက နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်လို့ The Times က ဖော်ပြထားပါတယ်။

ဘယ်လင်ဂမ်အတွက်‌ ခေါ်ယူရေးကနေ နောက်ဆုတ်ရာတွင် ကလော့ပ်က ရာနှုန်းပြည့်ပါဝင်ခဲ့ပါတယ်တယ်လို့ Sky Germany က ပလက်တန်ဘက်ဂ်က ပြောထားပါတယ်။ အခုတော့ ကလော့ပ်ဟာ ဥရောပရဲ့အကောင်းဆုံး ကွင်းလယ်ကစားသမား ဒါဝင်ဝက်လောက်ကို ခေါ်ယူနိုင်ရေး ပစ်မှတ်ထားနေပြီး အဲ့ဒီထဲမှာ ဒီကလန်ရိုက်စ်နဲ့ နီကိုလိုဘာရယ်လာတို့လည်း ပါဝင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ဘရိုက်တန်က ကိုင်စီဒို၊ ဘိုင်ယန်မြူးနစ်က ဂရာဗန်ဘက်ချ်၊ ချဲလ်ဆီးက မေဆန်မောင့်၊ ဝုဗ်က နူနက်စ် တို့ကလည်း မာဆေးဆိုဒ်ကလပ်ရဲ့ ပစ်မှတ်ထဲမှာ ရှိနေပါတယ်။ ဒီကစားသမား ၆ ဦးစလုံးဟာ ဒေါ့မွန်ရဲ့ ပေါင်သန်း ၁၀၀ သတ်မှတ်ခြင်းခံထားရတဲ့ ဘယ်လင်ဟမ်ထက် ဈေးနည်းမှာဖြစ်ပါတယ်။

အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် ရိုက်ဟာ ဒီနွေရာသီမှာ ဝက်စ်ဟမ်းကနေ ထွက်ခွာမယ်လို့ယူဆရပါတယ်။ သူ့ရဲ့လက်ရှိစာချုပ်က ၂၀၂၄ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ၁၄ လအတွင်း သူ့ကို ဆုံးရှုံးလိုက်ရမှာဖြစ်သော်လည်း ဝက်စ်ဟမ်းကတော့ ဒီနွေရာသီ သူ့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံဖို့ အင်တင်တင်ဖြစ်နေပါတယ်။

အင်္ဂလန်သားကို ခေါ်ယူရေးမှာ လီဗာပူးဟာ အာဆင်နယ်၊ ယူနိုက်တက်၊ ချဲလ်ဆီးတို့နှင့် ရင်ဆိုင်ရနိုင်ပါတယ်။

ဝက်စ်ဟမ်းရဲ့တောင်းဆိုမှုကို လိုက်လျော့ဖို့ ယူနိုက်တက်နှင့် ချဲလ်ဆီးတို့က ဘဏ္ဍာရေးအခြေအနေတောင့်တင်းတာကြောင့် အပြိုင်အဆိုင်ဈေးပေးရမယ်ဆိုပါက လီဗာပူးက နှုတ်ထွက်ရဖို့များနေပါတယ်။

ဘာရယ်လာရဲ့စာချုပ်ကလည်း ၂၀၂၆ခုနှစ်အထိဖြစ်ပြီး လွန်ခဲ့တဲ့ ၃ နှစ်က ကက်ကလီယာလီမှ အငှားကစားရာကနေ အင်တာမီလန်သို့ အပြီးသတ်ပြောင်းရွေ့ခဲ့ပြီးနောက် အသင်းကနေထွက်ခွာဖို့ကလည်း မသေချာနေတာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကစားမသားဟာ အီတလီအတွက် ပုံမှန်ပွဲထွက်ခွင့်ရရှိနေပြီး box-to-box ကစားဟန်က ကလော့ပ်ရဲ့ ကွင်းလယ်အတွက် အားတစ်ခုဖြစ်စေမှာ ဖြစ်ပါတယ်။

ဒီနွေရာသီမှာ ကလော့ပ်ဟာ တစ်သင်းလုံးနီးပါးကို ပြောင်းလဲဖို့ လုပ်နေပြီး ကစားသမား ၄ ဦးလောက်က ထွက်ခွာဖို့ရှိနေတာဖြစ်ပါတယ်။ ကီတာ၊ ချိန်ဘာလိန်၊ ဖာမီနိုတို့က အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာနိုင်ပြီး ထိုနေရာတွေကိုအားဖြည့်ဖို့ အနည်ဆုံး ကစားသမားအသစ် ၂ ဦးလောက် ခေါ်ရမှာဖြစ်ပါတယ်။

#လီဗာပူး #ဘယ်လင်ဂမ် #ဒီကလန် ရိုက်စ် #ဘာရယ်လာ