ရှေ့သို့
Image

စတန်းဖို့ဒ်ဘရစ်ချ်မှာ ထူးခြားတဲ့အရာတွေ ဖြစ်လာနိုင်တယ်လို့ လမ်းပတ်ကြုံးဝါးလာ

9:18 AM, 13 April

ချဲလ်ဆီးယာယီနည်းပြ လမ်းပတ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ပွဲမှာတော့ ထူးခြားတဲ့အရာတွေ ဖြစ်လာနိုင်တယ်လို့ ပြောခဲ့ပါ တယ်။
လမ်းပတ်က "ရလဒ်က လက်တွေ့ကျပေမယ့် စတန်းဖို့ဒ်ဘရစ်ချ်မှာ ထူးခြားတဲ့ အရာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကစားသမားတွေကို ပြောထားပါတယ်။ သူတို့က အလွန်ကောင်းတဲ့ အသင်းဖြစ်ပေမယ့် ကျနော်တို့ရဲ့ အခွင့်အရေး တွေကို ယုံကြည်ရပါမယ်။ လာမယ့် အပတ်မှာတော့ ပွဲကြီးပွဲကောင်း ဖြစ်လာပါလိမ့်မယ်"လို့ ပြောခဲ့ပါတယ်။
ရီးရဲလ်အသင်းဟာ ဒီပွဲမှာ ဘန်ဇီးမား၊ အဆန်စီယိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ချဲလ်ဆီးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင် ရရှိခဲ့တာပါ။ 
ဒီပွဲမှာ ရိုဒရီဂိုကို ဂိုးရှေ့မှာ ဖျက်ထုတ်ခဲ့လို့ ဘန်ချီဝဲလ် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံရတာက ချယ်လ်ဆီး အသင်းအတွက် ထိုးနှက်ချက် ဖြစ်ခဲ့သလို စတာလင်ရဲ့ ကန်သွင်းမှုကို ကော့တွိုက်စ် ကာကွယ်တာနဲ့ မေဆင်မောင့် ရဲ့ ဂိုးဝင်နိုင်မယ့် ကန်သွင်းမှုကို ရူဒီဂါ ဖျက်ထုတ်နိုင်ခဲ့တာဟာ လန်ဒန်ကလပ်အတွက် နစ်နာခဲ့ရပါတယ်။
ချဲလ်ဆီးအသင်းဟာ ယာယီနည်းပြ လမ်းပတ် လက်ထက်မှာ ၂ ပွဲစလုံး အရေးနိမ့်ထားသလို အသင်းဟာ ၁၉၉၃ နောက်ပိုင်း ပထမဆုံးအကြိမ် ပြိုင်ပွဲစုံ ၄ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးခဲ့တာပါ။ 
ချဲလ်ဆီးအသင်းဟာ ဒီတစ်ပတ် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
#ချဲလ်ဆီး #လမ်းပတ် #ရီးရဲလ်မက်ဒရစ် #ချန်ပီယံလိဂ်