ရှေ့သို့
Image

၂၀၀၆ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဇီဒန်းကို ရန်စခဲ့ကြောင်း အီတလီနောက်ခံလူ မာတာရာဇီ ဝန်ခံပြောကြား

2:25 PM, 12 April

အီတလီနောက်ခံလူဟောင်း မာကိုမာတာရာဇီက မိမိအနေနဲ့ ၂၀၀၆ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဇီဒန်းကို ရန်စခဲ့တယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။

နှစ်ပေါင်း ၁၇ နှစ်အတွင်း ဘောလုံးသမိုင်းတစ်လျှောက်အကျော်ကြားဆုံးဖြစ်ရပ်ဖြစ်ခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဇီဒန်းက မာတာရာဇီကို ခေါင်းနဲ့ တိုက်ခဲ့တာဖြစ်ပါတယ်။


အဆိုပါလုပ်ရပ်ကြောင့် ဇီဒန်းတစ်ယောက် ပြိုင်ပွဲကနေ အထုတ်ခံခဲ့ရပြီး ပြင်သစ်အသင်းပင်နယ်တီနဲ့အရေးနိမ့်တာကို အဝတ်လဲခန်းထဲကနေ ကြည့်ရှုခဲ့ရတာဖြစ်ပါတယ်။

မာတာရာဇီနဲ့ အဖြစ်အပျက်ကို ဇီဒန်းက သတင်းဌာနတစ်ခုနဲ့အင်တာဗျူးမှာ “ကျွန်တော် သူ့ကို သူ့အမ လီလာနဲ့ပတ်သက်ပြီး ရန်စလိုက်ပါတယ်။ ကျွန်တော် အဲ့တာကို ဂုဏ်မယူပါဘူး။ ဒါပေမယ့် အဲ့တာက ကစားသမားဘဝရဲ့အစိတ်အပိုင်းပါ။


တစ်ချိန်တည်းမှာ ကျွန်တော် အကြမ်းပိုခံလာနိုင်ပါတယ်။ သူ ကျွန်တော့်အမေကို မစော်ကားခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော့်အမကိုတော့ သူစော်ကားခဲ့ပါတယ်”လို့ ဇီဒန်းက ပြောကြားခဲ့ပါတယ်။

သူတို့ ၂ ဦးစလုံးဟာ အခုတော့ အသက်ကြီးပြီး ပိုရင့်ကျက်လာခဲ့ပြီဖြစ်ကာ ကျေးဇူးတင်ရမှာက အဆိုပါအဖြစ်အပျက်က နာမည်ကြီးနေဆဲဖြစ်ပါတယ်။


#အီတလီ #ဇီဒန်း #ဖီဖာကလပ်ကမ္ဘာ့ဖလား