ရှေ့သို့
Image

ချန်ပီယံရှစ်အကောင်းဆုံးနည်းပြ ဆန်ကာတင်စာရင်းမှာ ပါဝင်လာတဲ့ ကွန်ပနီ၊ ကာရစ်နဲ့ မာ့ခ်ရော်ဘင်

12:33 PM, 12 April

တန်းတက်သွားပြီဖြစ်တဲ့ ဘန်လေနည်းပြ ကွန်ပနီဟာ မစ်ဒယ်ဘရာ့ချ် နည်းပြ ကာရစ်နှင့် ကွန်ဗန်ထရီစီးတီး နည်းပြ မာ့ခ်ရော်ဘင်တို့ဟာ ချန်ပီယံရှစ်ရဲ့တစ်ရာသီစာအကောင်းဆုံးနည်းပြ ဆန်ကာတင်စာရင်းမှာ ပါဝင်တာဖြစ်ပါတယ်။


အကောင်းဆုံးကစားသမားဆုအတွက်တော့ ဘန်လေကွင်းလယ်ကစားသမား ဘရောင်းဟေးလ်၊ မစ်ဒယ်ဘရော့ချ်အတွက် ၂၆ ဂိုးသွင်းယူပေးထားတဲ့ တိုက်စစ်မှုး ချူဘာအက်ခ်ပွမ် နှင့် ကွန်ဗန်ထရီမှာ ခြေစွမ်းပြသနေတဲ့ ဗစ်တာဂိုကီရက်စ် တို့က အမည်စာရင်းတင်သွင်းခြင်းခံထားရပါတယ်။


အခြားရင်ခုန်ဖို့ကောင်းတဲ့ ပွဲတစ်ခုနဲ့အတူ အဆုံးသတ်ပြီး ဆုရရှိသူကိုတော့ ဧပြီလ ၂၃ ရက်နေ့ EFL ဆုပေးပွဲအခမ်းအနားမှာ ကြေညာမှာဖြစ်ပါတယ်။


အသက် ၃၇ နှစ်အရွယ် ကွန်ပနီဟာ ဘန်လေကို ပရီးမီးယားလိဂ်ကနေ တန်းဆင်းလာပြီး ၁၂ လအကြာမှာ ပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ပါတယ်။


သောကြာနေ့က မစ်ဒယ်ဘရော့ချ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်သို့ တန်းတက်ရန် သေချာသွားပြီဖြစ်ကာ စံချိန်တင် ရမှတ်နှင့်အတူ ချန်ပီယံဆုဖလားကို အပိုအဖြစ်ရရှိသွားဖို့ရှိနေတာဖြစ်ပါတယ်။


ရှက်ဖီးလ်ယူနိုက်တက်ကို ၂-၀ ဂိုး ဖြင့် တနင်္လာနေ့မှာ အနိုင်ရရှိခဲ့ပြီးနောက် ၆ ပွဲမှာ ၆ ပွဲအထိ အနိုင်ရရှိခဲ့ပြီး ဘန်လေဟာ ၂၀၀၅-၀၆ ရာသီတွင် ၁၀၆ မှတ်ဖြင့် စံချိန်တင်ခဲ့တဲ့ ရီးဒင်းရဲ့ မှတ်တမ်းကို ဖြတ်ကျော်မလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။


အသက် ၄၁ နှစ်အရွဘ် ရှိပြီဖြစ်တဲ့ ယူနိုက်တက်နှင့် အင်္ဂလန်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ကာရစ်ကလည်း သူ့ရဲ့ပထမဆုံး နည်းပြ ရာထူးတွင် မစ်ဒယ်ဘရော့ချ်ကို အလားတူ ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။


အောက်တိုဘာလ နှောင်းပိုင်းမှာ တန်းဆင်းဇုန်ရဲ့ အထက် ၁ အကွာမှာ ရှိနေတဲ့အသင်းကို ကိုင်တွယ်ခဲ့ပြီး Play off ကစားရဖို့ အနေအထားထိရောက်ရှိလာခဲ့ကာ ဒုတိယနေရာမှာ ရှိနေတဲ့ ရှက်ဖီးလ်ယူနိုက်တက်ကို ဖိအားပေးနေတာဖြစ်ပါတယ်။


အသက် ၅၃ နှစ်အရွယ် ရော်ဘင်ကတော့ ကွန်ဗန်ထရီအသင်းကို Play off ကစားခွင့်ရရှိမယ့် နေရာသို့ ရောက်ရှိအောင် ကြိုးစားပေးနေတာဖြစ်ပါတယ်။ တနင်္လာနေ့က ဝက်ဖို့ဒ်နဲ့ပွဲမှာ ၂-၀ ဂိုးဖြင့် ရှုံးနိမ့်နေရာမှ ၂-၂ ဂိုး သရေကျသွားအောင် အသင်းကို ဦးဆောင်ပေးနိုင်ခဲ့ပြီး အဆင့် ၆ နေရာနှင့် ၃ မှတ်ကွာ အနေအထားမှာရှိသွားခဲ့တာဖြစ်ပါတယ်။


သူတို့ ၃ ဦးစလုံးဟာ ချန်ပီယံရှစ်ရဲ့တစ်ရာသီစာအကောင်းဆုံးနည်းပြ ဆန်ကာတင်စာရင်းမှာ ပါဝင်နေပြီလည်းဖြစ်ပါတယ်။


အသက် ၂၇ နှစ်အရွယ် ဘန်လေကွင်းလယ်ကစားသမား ဘရောင်းဟေးလ်ကတော့ ၆ ဂိုးသွင်းယူကာ ၈ ဂိုးဖန်တီးပေးထားပြီး အသင်းကို ပရီးမီးယားလိဂ်သို့ ရောက်ရှိအောင်ကူညီပေးထားပါတယ်။


အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှုး ချူဘာအက်ခ်ပွမ်ကတော့ လက်ရှိရာသီချန်ပီယံရှစ်မှာ သွင်းဂိုးအများဆုံး ကစားသမားဖြစ်ပြီး  သောကြာနေ့ညက ဘန်လေအားရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ၂၆ ဂိုးမြောက် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။


ဆွီဒင်နိုင်ငံသား တိုက်စစ်မှုးဖြစ်တဲ အသက် ၂၄ နှစ်အရွယ် ဗစ်တာဂိုကီရက်စ်ကတော့ ၁၈ ဂိုးသွင်းယူကာ ၉ ဂိုးဖန်တီးပေးထားပြီး ကွန်ဗန်ထရီအသင်းအား Play off ကစားခွင့်ရရှိရန် တွန်းအားပေး ကြိုးစားနေတာဖြစ်ပါတယ်။

#ဘန်လေ #ချန်ပီယံရှစ် #မစ်ဒယ်ဘရော့စ် #ရော်ဘင်