ရှေ့သို့
Image

လီဗာပူးသို့ ပြောင်းရွှေ့ဖို့ ရီးရဲလ်မက်ဒရစ်နှင့် ရာမို့စ်တို့ကို ဘာကြောင့် ငြင်းပယ်ခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ အယ်လီယော့

4:27 PM, 11 April

၂၀၁၉ ခုနှစ် အသက် ၁၆ အရွယ်မှာ အယ်လီယော့ဟာ ဖူလ်ဟမ်ကနေ အန်ဖီးလ်သို့ အငြင်းပွားဖွယ်ရာကိစ္စတွေနဲ့အတူ ရောက်လာသူဖြစ်ပါတယ်။


လီဗာပူးဟာ ဖူလ်ဟမ်နှင့် ပြောင်းရွှေ့ကြေးကို သဘောတူညီမှုမရရှိခဲ့ဘဲ အန်ဖီးလ်က ပေါင် ၇၅၀၀၀၀ ဖြင့်သာ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဖူလ်ဟမ်ကတော့ ကစားသမားအတွက် ပေါင် ၈ သန်းအထိ အလိုရှိခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အဆိုပါကိစ္စဟာ ခုံရုံးအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကိုခံယူခဲ့ပြီး လီဗာပူးဟာ ကွင်းလယ်ကစားသမားအတွက် ကနဦးပြောင်းရွှေ့ကြေးပေါင် ၁.၅ သန်း အပြင် အပိုဆုကြေးအဖြစ် ပေါင် ၂.၈ သန်း ပေးချေဖို့ ပြောဆိုခြင်း ခံခဲ့ရတာဖြစ်ပါတယ်။


ကစားသမားဟာ ကလပ်သို့ရောက်ကတည်းက ပထမအသင်းမှာ ကလော့ပ်ရဲ့ တဖြည်းဖြည်းအသုံးပြုခြင်းကိုခံလာခဲ့ရပါတယ်။ ချန်ပီယံရှစ်ကလပ် ဘလက်ဘမ်းတွင် ၁ ရာသီ အငှားကစားခဲ့ပြီးနောက် အသက် ၂၀ အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း လီဗာပူးအသင်းမှာ ပိုပြီးသိသာတဲ့နေရာတွင် ကစားခဲ့ရသူဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီအစက လိဒ်စ်နှင့်ပွဲမှာ ခြေထောက်ကျိုးခဲ့ပြီးနောက် သူ့ရဲ့ပါဝင်မှုက ရပ်တန့်ခဲ့ရသော်လည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး လက်ရှိရာသီမှာတော့ ပရီးမီးယားလိဂ် ၂၆ ပွဲအထိ ကစားထားရတာဖြစ်ပါတယ်။အခုတော့ အယ်လီယော့ဟာ လီဗာပူးသို့ပြောင်းဖို့ ရီးရဲလ်မက်ဒရစ်ကို ငြင်းပယ်ခဲ့တာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။


We Are LIverpool podcast မှာ အယ်လီယော့က ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့သော်လည်း လီဗာပူးရဲ့ကမ်းလှမ်းမှုကိုခံခဲ့ရတဲ့အချိန် အန်ဖီးလ်သို့ လာဖို့အတွက် ၂ ခါမစဉ်းစားခဲ့ရပါဘူးလို့ ပြောပါတယ်။ "ကျွန်တော်ဟာ မက်ဒရစ်သို့ ပြောင်းဖို့အတွက် အရမ်းကိုနီးစပ်ခဲ့ပါတယ်၊ အဲ့ဒီနောက် လီဗာပူးရဲ့ကမ်းလှမ်းချက်ကို ကျွန်တော် စဉ်းစားခဲ့ပါတယ်။ သူတို့က ကမ်းလှမ်းလာတယ်လို့ သိရတဲ့အချိန် အပြောင်းအရွှေ့က ဖြစ်လာတာပါပဲ" လို့ ကစားသမားက ပြောပါတယ်။


ကွင်းလယ်ကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ့ ဘာနေဗျူးကွင်းကြီးထံသို့ အယ်လီယော့ကို အလည်ခေါ်ယူခဲ့ပြီး အသင်းခေါင်းဆောင် ရာမို့စ်နဲ့ တွေ့ဆုံစေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အသက် ၂၀ အရွယ် ကစားသမားကတော့ ရီးရဲလ်မက်ဒရစ်ကို ငြင်းပယ်ခဲ့ပြီး ၂၀၁၈ ခုနှစ်ချန်ပီယံလိဂ်ဖိုင်နယ်တုန်းက ရာမို့စ်ရဲ့ ဆာလက်အပေါ် ကစားပုံကြမ်းတမ်းခဲ့မှုကို ဝေဖန်ခဲ့ကာ ဒီအချက်ကလည်း သူ့ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်က အချက်တစ်ချက်ဖြစ်ပါတယ်။ "ဒါတွေက ဟုတ်ပါတယ်။ သူက ဆာလက်ကို လုပ်ခဲ့လို ကျွန်တော်က ရီးရဲလ်ကရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာပါ" လို့ အယ်လီယော့က Athletic သို့ ပြောပါတယ်။


အယ်လီယော့ဟာ ဆာလက်နှင့် ကွင်းအတွင်း အပြင် ဆက်ဆံရေး အရမ်းကိုကောင်းမွန်နေပြီး သူတို့နှစ်ဦးဟာ လက်ရှိရာသီမှာ လီဗာပူးအသင်း ဥရောပဝင်ခွင့် ရရှိဖို့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။

#လီဗာပူး #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #ရာမို့စ် #အယ်လီယော့