ရှေ့သို့
Image

ခံစားချက်တွေရောထွေးနေတယ်လို့ လီဗာပူးကို သရေကျပြီးနောက် ရမ်စ်ဒဲလ် ပြောကြား

12:14 PM, 10 April

အာဆင်နယ်ဂိုးသမား ရမ်စ်ဒဲလ်က လီဗာပူးကို ၂-၂ သရေကျခဲ့ပြီးနောက် အနိုင်ဂိုးတွေကို ကာကွယ်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး တုံ့ပြန်လိုက်ပါတယ်။

ရမ်စ်ဒဲလ်ဟာ လီဗာပူးအသင်းရဲ့အပိုင်အခွင့်အရေးတော်တော်များများကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် ၂၈ မိနစ်မှာ ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ကလော့ပ်ရဲ့အသင်းဟာ ဆာလက်ရဲ့ချေပဂိုးနဲ့အတူ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့နောက် နောက်ကျချေပဂိုးကို ပွဲကစားချိန် ၈၇ မိနစ်မှာ လူစားဝင်လာတဲ့ ဖာမီနိုက သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းရဲ့တိုက်စစ်ဆင်မှုတွေက ရပ်မသွားခဲ့ပဲ ဆာလက်ရဲ့ပွဲကစားချိန် ၉၅ မိနစ်မှာ ကန်ခဲ့တဲ့ကန်ချက်ကိုလည်း ရမ်စ်ဒဲလ်ကာကွယ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် အင်္ဂလန်သားဟာ ကိုနာတေးရဲ့အပိုင်ပိတ်သွင်းမှုကလည်း လက်စွမ်းပြကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ “ခံစားချက်တွေရောနေပါတယ်။ ဒါပေမယ့် လာမယ့်ရက်အနည်းငယ်အတွက် ပြင်ဆင်ရပါမယ်။ သရေတစ်မှတ်ရတာက အရမ်းကောင်းပါတယ်။

ပွဲကစားချိန် ၃၅ မိနစ်လောက် ကျွန်တော်တို့ ဖိအားတွေအောက်ရောက်ခဲ့တာပါ။ အန်ဖီးလ်မှာ သရေတစ်မှတ်ယူနိုင်ခဲ့တာက ကောင်းပါတယ်။ သူတို့က ထိပ်တန်းအသင်းပါ။ 

၂ မှတ်လျော့ခဲ့တယ်ဆိုပေမယ့် ၃ မှတ်လည်းလျော့သွားနိုင်တဲ့အနေအထားပါ။ ဒီနေ့ပွဲလောက်ကောင်းတဲ့ပွဲမရှိပါဘူး။ ကျွန်တော့်ကာကွယ်မှုတွေက အသင်းကို ကူညီပေးနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ အရမ်းကောင်းခဲ့ပြီး ပွဲကစားချိန် ၅၀ နဲ့ ၆၀ မိနစ်လောက်အထိ ကောင်းခဲ့သလို ၂ ဂိုးလည်းသွင်းထားနိုင်ခဲ့ပါတယ်။

အခုတော့ ကျွန်တော်တို့ပြန်လည်ပြီး နောက်တစ်ကြိမ်တည်ဆောက်ရမှာပါ။ ဘာမှမရတာထက်စာရင် သရေတစ်မှတ်ရတာက ပိုကောင်းပါတယ်။

နည်းပြကလည်း အကောင်းဘက်ကပဲပြောပါလိမ့်မယ်။ သူက အကောင်းမြင်တတ်တဲ့သူပါ။ လာမယ့်ပွဲကို အာရုံစိုက်ရပါမယ်”လို့ ရမ်စ်ဒဲလ်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ အခုသရေပွဲကြောင့် ဒုတိယနေရာက စီးတီးကို ၁ ပွဲပိုကစားပြီး ၆ မှတ်ဖြတ်ထားနိုင်ခဲ့ကာ အီတီဟက်မှာကစားမယ့်ပွဲကို အနိုင်ကန်ဖို့ လိုအပ်နေပါတယ်။

#လီဗာပူး #အာဆင်နယ် #ရမ်စ်ဒေးလ်