ရှေ့သို့
Image

ပထမဆုံးကိုင်တွယ်တဲ့ပွဲမှာ အရေးနိမ့်ခဲ့ပြီးနောက် အမြင်ကို လမ်းပတ် ထုတ်ဖော်ပြောကြား

12:01 PM, 9 April

ဝုဗ်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြ လမ်းပတ်က အသင်းရဲ့စိတ်ပိုင်းဆိုင်ရာကို အပြောင်းအလဲလုပ်ရမယ်လို့ ပြောကြားလိုက်ပါတယ်။

လမ်းပတ်ရဲ့ပထမဆုံးပွဲက အရှုံးရလဒ်နဲ့သာ ရင်ဆိုင်ခဲ့ရပြီး နူနက်စ်ရဲ့ဂိုးနဲ့ ဝုဗ်အသင်းကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အဆိုပါရှုံးပွဲကြောင့် အဆင့် ၁၁ နေရာမှာပဲ ရပ်တည်နေပြီး ဒီရာသီလိဂ်ပွဲ ၃၀ မှာ ၂၉ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။

လမ်းပတ်က အသင်းရဲ့စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲရမှာဖြစ်ပြီး ဂိုးရှေ့မှာ ယုံကြည်မှုပျောက်နေတယ်လို့ ဆိုပါတယ်။

“ပထမပိုင်းစွမ်းဆောင်ရည်က ၇၀% လောက်ကောင်းခဲ့ပါတယ်။ ပွဲတစ်ပွဲလုံးအတွက် လုံလောက်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပိုကောင်းတဲ့အနေအထားတွေရခဲ့ပါတယ်။ ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

အများကြီးအပြောင်းအလဲလုပ်ဖို့ လိုအပ်နေပါတယ်။ တိုးတက်ဖို့လည်း လိုအပ်နေတာတွေရှိပါတယ်။ စွမ်းဆောင်ရည်ပိုင်းကို ခြုံပြောရရင် တိုးတက်လာတာတွေရှိပါတယ်။ အနိုင်ရခဲ့တဲ့ဝုဗ်ကိုလည်း ချီးကျူးရမှာပါ။

သူတို့ အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပြီး အနိုင်ယူနိုင်ခဲ့တာပါ။ ကျွန်တော်တို့ ပိုကောင်းဖို့ လိုအပ်နေပါသေးတယ်”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ကြားရက်မှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် ရီးရဲလ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #ပရီးမီးယားလိဂ်