ရှေ့သို့
Image

ဂျက်ဆီမာ့ချ်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ နီးစပ်နေတဲ့ လက်စတာ

11:01 AM, 9 April

လက်စတာအသင်းဟာ ရော်ဂျာကို ထုတ်ပယ်ပြီးနောက် လိဒ်ယူနိုက်တက်နည်းပြဟောင်း ဂျက်ဆီမာ့ချ်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ နီးစပ်နေပါတယ်။

လက်စတာဟာ မာ့ချ်ကို ၂၀၂၆ အထိစာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ၂ ဦး ၂ ဖက်သဘောတူညီမှုရတော့မှာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

အမေရိကန်သားကို မခန့်အပ်ခင် လက်စတာဟာ ဒင်းစမစ် နဲ့ မာတင်အိုနေးလ်တို့ကို ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။

မာ့ချ်ဟာ လိဒ်ယူနိုက်တက်ကနေ အထုတ်ခံခဲ့ရပြီးနောက် အလုပ်လက်မဲ့ဖြစ်နေတာဖြစ်ပြီး ဆောက်သမ်တန်ကလည်း ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။

လက်စတာဟာ တန်းဆင်းဇုန်တိုက်ပွဲအတွက် ပြင်ဆင်နေရတာဖြစ်ပြီး ဘုန်းမောက်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက မာ့ချ်ဟာ လိဒ်ယူနိုက်တက်နဲ့ တန်းဆင်းဇုန်တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး ဘရန့်ဖို့ဒ်ကိုအနိုင်ကန်ပြီး တန်းတင်ကျန်ရစ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘုန်းမောက်နဲ့ပွဲကို လက်ကျန်စီနီယာအသင်းနည်းပြတွေက တာဝန်ယူမှာဖြစ်ပြီး မာ့ချ်က မန်စီးတီးနဲ့ပွဲမှ တာဝန်ယူမှာဖြစ်ပါတယ်။

#လက်စတာ #ရော်ဂျာ #ပရီးမီးယားလိဂ် ဂျက်ဆီမာ့ချ်