ရှေ့သို့
Image

ပရီးမီးယားလိဂ်ကို မြန်မြန်ဆန်ဆန် တန်းပြန်တက်လာပြီဖြစ်တဲ့ ကွန်ပနီရဲ့ဘန်လေ

10:00 AM, 8 April

ကွန်ပနီဦးဆောင်တဲ့ ဘန်လေအသင်းဟာ ပရီးမီးယားလိဂ်ကို မြန်မြန်ဆန်ဆန်ပဲ တန်းပြန်တက်နိုင်တာတွေ့ရပါတယ်။ 

မနေ့ညက ယှဥ်ပြိုင်ကစားတဲ့ မစ်ဒယ်ဘရော့နဲ့အဝေးကွင်းပွဲစဥ်မှာ ဘန်လေက ၂-၁ဂိုးနဲ့နိုင်ပြီး ပရီးမီးယားလိဂ်ကို တန်းပြန်တက်ခဲ့ပါပြီ။


အဲဒီပွဲမှာ ဘန်လေအတွက် အက်ရှ်လေဘန်းကအဖွင်ဂိုးသွင်းခဲ့ပြီး ဘိုရိုဘက်က အက်ပွန်က ပင်နယ်တီကတစ်ဆင့် ချေပဂိုးသွင်းခဲ့ပါတယ်။ 

ဒါပေမယ့် ပွဲချိန် ၆၆ မိနစ်မှာ ရောဘတ်က အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ကွန်ပနီဟာ ဘန်လေမှာ ဘယ်လာမီနဲ့လက်တွဲပြီး တိုက်စစ်ခံစစ်မျှတအောင် ကိုင်တွယ်ခဲ့ပါတယ်။ 


အိမ်ကွင်းမှာတဲ့ မိုက်ကယ်ကာရစ်ရဲ့ဘိုရိုအသင်းကို အနိုင်ယူခဲ့တာ ထိုက်တန်တယ်လို့ပြောရမှာပါ။ 

မနှစ်က တန်းဆင်းခဲ့ရတဲ့ဘန်လေဟာ နည်းပြရှောင်ဒိုက်ချ်ကိုထုတ်ပြီး ကွန်ပနီနဲ့အစားထိုးခဲ့ပါတယ်။ ​

ရှောင်ဒိုချ်က်နေရာကို ရယူထားတဲ့ ကွန်ပနီအတွက်ကတော့ ဘန်လေကို ပရီးမီးယားလိဂ်ပြန်ပို့ပေးတာ ကြီးမားတဲ့အောင်မြင်မှုဖြစ်ခဲ့ပါတယ်။ 

ဘန်လေဟာ ကစားသမားကောင်းတွေဖြစ်တဲ့ နစ်ပုပ်၊ဘန်မီးလ်၊ ထရိုရောစကီး၊ မက်နေးလ်နဲ့ ကော်နက်စ်တို့ကို ရောင်းချခဲ့ပေမယ့် လူငယ်ကစားသမားတွေနဲ့အစားထိုးပြီး အောင်မြင်မှုပြန်ရခဲ့ပါတယ်။

ဒုတိယနေရာမှာ ရှက်ဖီးလ်ယူနိုက်တက်ရှိနေပြီး ဘန်လေထက် ၁၁ မှတ်လျော့နည်းနေပေမယ့် တန်းတက်ဖို့အခွင့်အရေးများနေပါတယ်။ 


လူတန်၊ မစ်ဒယ်ဘရော့၊ မီဝေါလ်နဲ့ဘလက်ဘန်းတို့က ချန်ပီယံရှစ်ရှုံးထွက်ထပ်ကစားရမှာပါ။ 

လက်ကျန်ပွဲစဥ်တချို့ကျန်သေးလို့ နော့ဝှစ်၊ ပရက်စတန်တို့လည်း အခွင့်အရေးရှိနေပါသေးတယ်။ 


#ဘန်လေ #ကွန်ပနီ #ပရီးမီးယားလိဂ်