ရှေ့သို့
Image

တော့တင်ဟမ်က ထွက်ခွာလာတဲ့ ကွန်တီကို ခန့်အပ်ရန် စဉ်းစားနေတဲ့ ချဲလ်ဆီး အသင်း

3:19 PM, 7 April

ချဲလ်ဆီးအသင်းသည် ကွန်တီအားခေါ်ယူရန်အတွက်  ချိန်ဆနေကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။

ဆောက်သမ်တန်ကို ၃-၃ သရေကျခဲ့တဲ့ပွဲအပြီးမှာ ကွန်တီဟာ တော့တင်ဟမ်ဘုတ်အဖွဲ့နဲ့ ကစားသမားတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီးနောက် တော့တင်ဟမ်အသင်းမှ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ချဲလ်ဆီး အသင်းက ဂရေဟမ်ပေါ်တာကို ထုတ်ပယ်ပြီးနောက် ၎င်းအားအံ့အားသင့်ဖွယ်ကောင်းစွာ နည်းပြအဖြစ် ပြန်လည်ကမ်းလှမ်းဖို့ စဉ်းစားနေပါတယ်။

အဆိုပါအီတလီသားဟာ ၂၀၁၆-၂၀၁၇ တွင် စတန်းဖို့ဒ်ဘရစ်ချ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ နောက်ဆုံး မန်နေဂျာဖြစ်ခဲ့ပေမယ့် နောက်နှစ်ရာသီမှာပဲ စိတ်ပျက်စရာကောင်းတဲ့ ရလဒ်တွေကို ကြံကြံခံခဲ့ရသူဖြစ်ပါတယ်။။ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဘိုလီနှင့် အက်ဂါလီ တို့သည် ကွန်တီအား အသင်းအတွက်  စည်းလုံးညီညွတ်မှုများယူဆောင်လာပေးနိုင်သူအဖြစ် မြင်ကြောင်း အစီရင်ခံစာက ဖော်ပြထားပါတယ်။

အသင်း၏ ဖောင်းကားသော လူစာရင်းကြောင့် နည်းပြ ပေါ်တာသည် အဝတ်လဲခန်းတွင်မဟုတ်ဘဲ ပွဲထွက်ခါနီးအချိန်မှ ကစားသမားအချို့ကိုပြောင်းလဲလိုင်းခဲ့ကြောင်း ယခုသီတင်းပတ်အစောပိုင်းက ဖော်ပြခဲ့သည့်သတင်းများအရသိရပါတယ်။ ကွန်တီသည် ချဲလ်ဆီးအသင်းမှ ထွက်ခွာမသွားမီ အလုပ်အကိုင်ခုံရုံးမှ ပေါင် ၉ သန်းချီးမြှင့်ခံခဲ့ရပါတယ်။ သို့သော်လည်း ပိုင်ရှင်ဟောင်း အေဗရာမိုဗစ် လက်ထက်ကြုံတွေ့ခဲ့ရတဲ့ပြဿနာ များကဲ့သို့ ကြုံနိုင်ဖွယ်မရှိကြောင်းလဲသိရပါတယ်။

နည်းပြသစ်တစ်ဦးကို ဆက်လက်ရှာဖွေနေချိန်တွင် ချဲလ်ဆီးအသင်းသည် နည်းပြဟောင်း လမ်းပတ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ထားကြောင်းသိရပါတယ်။ ချဲလ်ဆီးအသင်း၏ ဆန်ခါတင်နည်းပြစာရင်းတွင် အနည်းဆုံး နည်းပြ ၇ ဦးအထိ ပါဝင်နေပြီး  နာဂယ်လ်မန်းနှင့် အင်းနရစ်တို့ နှစ်ဦးစလုံးက ယခုသီတင်းပတ်အစောပိုင်းတွင် ချဲလ်ဆီးအသင်းနှင့်တွေ့ဆုံရန် လန်ဒန်သို့ ထွက်ခွာသွားကြောင်း သိရပါတယ်။

ချဲလ်ဆီးအသင်းသည် ပေါ်တာခေတ်နောက်ပိုင်း ပထမဆုံးပွဲ၌ လီဗာပူးလ်အသင်းနှင့် ဝ-၀ သရေကျခဲ့ပါတယ်။ ၎င်းတို့သည် ပရီးမီးယားလိဂ် ဇယားအလယ်နေရာထိပြန်လည်ရောက်ရှိရန် ရည်မှန်းထားပြီး လာမည့်တစ်ပတ်တွင် ဝုဖ်အသင်းနှင့် အဝေးကွင်းပွဲစဉ်အား ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #ကွန်တီ #ပရီးမီးယားလိဂ်