ရှေ့သို့
Image

အငှားစာချုပ်သက်တမ်း ကုန်သွားရင်လည်း ယူနိုက်တက်မှာပဲ ဆက်နေချင်တဲ့ ဆာဘစ်ဇာ

1:54 PM, 7 April

ဒီရာသီကုန် အငှားစာချုပ်သက်တမ်းပြည့်ချိန်မှာ ယူနိုက်တက်နှင့် အမြဲတမ်းစာချုပ် ချုပ်ဆိုလိုက်ကြောင်း ဆာဘစ်ဇာက ပြောကြားလိုက်ပါတယ်။

ဂျာမန်ဂျာနယ်လစ် ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ဩစတြေးလျနိုင်ငံသားဟာ အိုးထရက်ဖို့ဒ်မှာ ဆက်နေချင်နေပါတယ်။ ဆာဘစ်ဇာဟာ ယူနိုက်တက်မှာပျော်ရွင်နေပြီး လာမယ့်ရက်သတ္တပတ်အတွင်းမှာ သူ့ရဲ့အနာဂတ်အတွက် ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

"သူဟာ ယူနိုက်တက်မှာပျော်ရွင်နေပြီး အမြဲတမ်းစာချုပ်ချုပ်ဆိုဖို့ တွေးတောနေပါတယ်။ ဘာကိုမှတော့ ဆုံးဖြတ်ချက်မချရသေးပါဘူး။ လာမယ့်ရက်သတ္တပတ်တွေမှာ ဆုံးဖြတ်ဖို့အတွက် ဆွေးနွေးသွားမှာပါ" လို့ တီးယားဝမ်း ဂျာနယ်လစ်က ပြောပါတယ်။

ကွင်းလယ်ကစားသမားကို အခြားပရိးမီးယားလိဂ်ကလပ်တွေက စိတ်ဝင်စားနေပြီး ရာသီကုန်မှာ ဘိုင်ယန်မြူးနစ်ကနေ အပြီးသတ်ထွက်ခွာဖို့ရှိနေပါတယ်လို့ ပလက်တန်ဘက်က ပြောထားပါတယ်။ "ဒီအခြေအနေမှာ ဘိုင်ယန်သို့ ပြန်ဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး။ ပရီးမီးယားလိဂ်ကလပ်တော်တော်များများက သူ့ကို စုံစမ်းနေကြပါတယ်" လို့ ဂျာနယ်လစ်က အတည်ပြုထားပါတယ်။

အဲရစ်ဆင် ဒဏ်ရာ ရရှိခဲ့တာကြောင့် ယူနိုက်တက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဆာဘစ်ဇာကို အငှားဖြင့်‌ အရေးအပေါ် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ၁၁ ပွဲ ကစားပေးထားတဲ့ ဩစတြေးလျနိုင်ငံသားဟာ အသင်းရဲ့ အရေးပါတဲ့ပွဲတွေမှာ ပွဲထွက်ကစားပေးထားသူဖြစ်ပါတယ်။
ဆာဘစ်ဇာရဲ့ တက်ကြွတဲ့ ကစားပုံကြောင့် ပရိသတ်တွေက သဘောကျလာခဲ့တာဖြစ်ပြီး ပရိသတ်တော်တော်များများကတော့ အသက် ၂၉ နှစ်အရွယ် ကစားသမားကို အပြီးသတ်ခေါ်ယူဖို့ မျှော်လင့်နေကြပါတယ်။ ဖူလ်ဟမ်နှင့် ကစားခဲ့တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်တွင် သူ့ရဲ့အနိုင်ဂိုးကြောင့် ယူနိုက်တက်ဟာ လက်ရှိရာသီတွင် ဒုတိယအကြိမ်မြောက် ဝင်ဘာလေသို့ ရောက်နိုင်ခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်တွင် ဘရိုက်တန်နှင့် ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

ဆာဘစ်ဇာကို အပြီးသတ်ခေါ်ယူပေးဖို့ တန်ဟက်အနေနဲ့ ဘုတ်အဖွဲ့ကို တောင်းဆိုထားသလားဆိုတာ မသိသေးပေမယ့် ဘိုင်ယန်က ရောင်းချလိုနေတာကြောင့် ပြောင်းရွှေ့ကြေးက များဖွယ်မရှိနေကာ လာမယ့်ရာသီမှာ ဩစတြေးလျနိုင်ငံသားကို ယူနိုက်တက်တို့ ခေါ်ယူမလားဆိုတာက မသေချာသေးပါဘူး။

#မန်ချက်စတာယူနိုက်တက် #ပရီးမီးယားလိဂ် ဆာဘစ်ဇာ