ရှေ့သို့
Image

လီဗာပူးမှာ ကစားနေရတဲ့ သူ့နေရာအပေါ် စိတ်ရှုပ်ထွေးမိကြောင်း ဝန်ခံလာတဲ့ ဂတ်ပို

1:53 PM, 7 April

နယ်သာလန်နိုင်ငံသားဟာ လီဗာပူးသို့ ပေါင် ၃၅.၄ သန်းဖြင့် ရောက်ရှိခဲ့ပြီးနောက် အစပိုင်းပွဲတွေမှာ ရုန်းကန်ခဲ့ရပြီး ဖေဖော်ဝါရီနှင့် မတ်လတွေမှာတော့ အသားကျလာခဲ့ကာ ယူနိုက်တက်အား ၇-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲတွင် ၂ ဂိုးသွင်းယူခဲ့ခြင်းအပါအဝင် ၄ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အား အနိုင်ရရှိခဲ့တဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့သော်လည်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ လီဗာပူးဟာ ရုန်းကန်ခဲ့ရပြီး အခုတော့ နိုင်ပွဲမရရှိခဲ့တာ ၄ပွဲအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ အာဆင်နယ်နှင့် ပွဲခြေစွမ်းအပေါ် ဂတ်ပိုက ဆွေးနွေးခဲ့ပြီး ပြီးခဲ့တဲ့စွမ်းဆောင်ရည်တွေအပေါ် အကောင်းမြင်မှုရှိနေပါတယ်။

"ချဲလ်ဆီးနဲ့ပွဲကိုကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့က ရမှတ် ၁မှတ်သာရရှိခဲ့ပြီး အနိုင်ပွဲတွေပြန်ရရှိဖို့အတွက် လမ်းကြောင်းမှန်ပေါ်သို့ ခြေလှမ်းတစ်လှမ်း လှမ်းနိုင်ခဲ့တယ်လို့ ယူဆပါတယ်" "အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုကို မရတဲ့အချိန်မှာတော့ အနည်းငယ်လောက် ကွာခြားချက်တော့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့က အဝေးကွင်းပွဲစဉ်တွေမှာ ပိုကောင်းရမှာဖြစ်ပါတယ်။ ကျွန်တော်တို့က အနိုင်ရရှိချင်သောလည်း ပြီခဲ့တဲ့ပွဲတွေနဲ့ယှဉ်လိုက်မယ်ဆိုရင် လမ်းကြောင်းမှန်ပေါ်သို့ ရောက်လာခဲ့ပြီး တိုးတက်မှုတွေရှိခဲ့ပါတယ်"

"ကျွန်တော်တို့အသင်းမှာ စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမားတွေရှိပါတယ်။ အခြားပွဲတွေမှာလည်း ကျွန်တော်တို့က အဲ့ဒီလိုခြေစွမ်းမျိုးပြသရမှာဖြစ်ပြီး အာဆင်နယ်နှင့် ကွာဟချက်က အများကြီးမရှိဘူးဆိုတာကို တွေ့ရမှာပါ" "ကံမကောင်းစွာဘဲ ဒီလိုခြေစွမ်းကို အခြားပွဲတွေမှာ မပြနိုင်ခဲ့ကာ ရမှတ်တွေလည်း မရရှိခဲ့တာကြောင့် နောက်တစ်ကြိမ်ပြသဖို့ လုပ်ရမှာပါ။ ကျွန်တော်တို့ ဘာလုပ်နိုင်သလဲဆိုတာကို ကျွန်တော်တို့သိပါတယ်" လို့ ဂတ်ပိုက ပြောပါတယ်။

သူ့ရဲ့အကောင်းဆုံးနေရာက မသေချာသေးတာကို တိုက်စစ်မှုးက ပြောကြားထားပါသေးတယ်။ မကြာသေးခင်က ဂတ်ပိုဟာ နံပါတ် ၉ နေရာတွင် ကစားခဲ့သော်လည်း နည်းစနစ်ပိုင်းအရ အနာဂတ်မှာ ဘယ်နေရာမှာ ကစားရမလဲဆိုတာ မသေချာကြောင်း ပြောထားပါတယ်။

"ပွဲတိုင်းမှာ ကျွန်တော်က နံပါတ် ၉ နေရာမှာ ကစားခဲ့တာဖြစ်သော်လည်း ရေရှည်အတွက် ဘာနေရာမှာ ကစားရမလဲဆိုတာ မသိပါဘူး နည်းပြကိုသာ မေးရမှာဖြစ်ပါတယ်" "သေချာတာက ဖာမီနိုက ကူညီပေးခဲ့ပြီး သူက အရမ်းကောင်းတဲ့သူဖြစ်ပါတယ်။ ကျွန်တော့်ကို သူက အထူးကူညီခဲ့ပြီး အဲ့ဒီအတွက် တကယ့်ကို အသိအမှတ်ပြုပါတယ်။ ဒီမှာရှိရတာကို သဘောကျပြီး ကောင်းမွန်တဲ့အချိန်တွေသာ ရှိချင်မိပါတယ်"လို့ ဂတ်ပိုက ပြောပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဂတ်ပို #ပရီးမီးယားလိဂ်