ရှေ့သို့
Image

ချဲလ်ဆီးက ပြန်ခေါ်ချိန်မှာ လွယ်လွယ်ကူကူဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း လမ်းပတ် ပြောကြား

12:01 PM, 7 April

ချဲလ်ဆီးနည်းပြ လမ်းပတ်က အသင်းက ပြန်ခေါ်ချိန်မှာ လွယ်လွယ်ကူကူဆုံးဖြတ်ခဲ့တာဖြစ်ပြီး လန်ဒန်ကို ပြန်လာရတဲ့အတွက် ဝမ်းသာမိတယ်လို့ ပြောကြားလိုက်ပါတယ်။

လမ်းပတ်ဟာ ချဲလ်ဆီးအသင်းထံ တတိယအကြိမ်ပြန်လာခဲ့တာဖြစ်ပြီး ပေါ်တာနေရာမှာ ရာသီကုန်အထိ အစားဝင်မှာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ချဲလ်ဆီးအသင်းမှာ ကစားသမားဘဝအဖြစ် ၁၃ နှစ်ကြာ ကစားခဲ့ပြီး ရာသီကုန်အထိ ယာယီနည်းပြ အဖြစ်တာဝန်ယူဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

၂၀၂၁ တုန်းက ချဲလ်ဆီးကနေ အထုတ်ခံခဲ့ရတာဖြစ်ပြီး အခုလိုပြန်လာရတဲ့အပေါ် “ကျွန်တော့်အတွက် လွယ်ကူတဲ့ဆုံးဖြတ်ချက်ပါ။ ကျွန်တော်က လက်တွေ့အရမ်းကျတဲ့သူပါ။ ချဲလ်ဆီးကနေ ထွက်ခွာသွားပြီးကတည်းက ပြောင်းလဲလာတာတွေရှိပါတယ်။  ဒီအခွင့်အရေးရလို့ ကျွန်တော် ဝမ်းသာသလို ကျေးဇူးလည်းတင်ပါတယ်။ ကျွန်တော်က အသင်းရဲ့လူစာရင်း ၊ လေ့ကျင့်ရေးကွင်းနဲ့ ပရိသတ်တွေကို နားလည်ပြီးသားပါ”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ အမြဲတမ်းနည်းပြနေရာအတွက် အင်းနရစ်၊ နာဂယ်စမန်း၊ မော်ရင်ဟိုနဲ့ ကွန်တီတို့ကို ချိတ်ဆက်နေပါတယ်။

သူ့အနာဂတ်နဲ့ပတ်သက်ပြီးလည်း လမ်းပတ်က “ရောဘတ်တိုတစ်ယောက် သူ့အလုပ်ကို အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့တာက မတူူညီတဲ့အချိန်မှာပါ။ ဒီမေးခွန်းတွေလာမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် လက်ရှိမှာ အသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်။ အသင်းမှာ ထိပ်တန်းကစားသမားတွေ ရှိနေပြီး သူတို့နဲ့ လက်တွဲရမှာဖြစ်လို့ ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်”လို့ လမ်းပတ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

လမ်းပတ်ရဲ့ချဲလ်ဆီးအသင်းဟာ စနေနေ့မှာ ဝုဗ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #ပရီးမီးယားလိဂ်