ရှေ့သို့
Image

ယူအီးအက်ဖ်အေ ဥက္ကဋ္ဌအဖြစ် တတိယအကြိမ်မြောက် ပြန်လည် ရွေးချယ်ခံခဲ့ရတဲ့ ဆီဖာရင်

2:17 PM, 6 April

၂၀၂၇ ခုနှစ်အထိ ယူအီးအက်ဖ်အေရဲ့ ဥက္ကဌအဖြစ် ပြန်လည် ရွေးကောက်ခံရသူကတော့ လက်ရှိ ဥက္ကဌဖြစ်သူ ဆီဖာရင်ပဲဖြစ်ပါတယ်။

ဆီဖာရင်ဟာ ၂၀၁၆ ခုနှစ်မှာ ပထမအကြိမ် ယူအီးအက်ဖ်အေရဲ့ ဥက္ကဌအဖြစ်ရွေးချယ်ခံခဲ့ရပြီး ၂၀၁၉ ခုနှစ်တွင်လည်း လေးနှစ်တာ ဒုတိယသက်တမ်းအတွက် မဲပေးရွေးချယ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ ၎င်း၏ရာထူး သက်တမ်းအတွက် နောက်ဆုံးသက်တမ်းတိုးမှုကို ဗုဒ္ဓဟူးနေ့တွင် လစ္စဘွန်းမြို့ရှိ ယူအီးအက်ဖ်အေရဲ့  ကွန်ဂရက်မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

စလိုဗေးနီးယားနိုင်ငံသားဖြစ်သူ ဆီဖာရင်ကို တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းအဖြစ် ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက ရွေးချယ်ရန်အတွက်အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဆီဖာရင်၏ ဒုတိယသက်တမ်းဖြစ်သည့် ယူရို ၂၀၂၀သည် ကိုရိုနာဗိုင်းရပ်နှင့် ကိုဗစ်-၁၉ ကြောင့် စိန်ခေါ်မှုများနှင့် တွေ့ကြုံခဲ့ရသည့်အပြင် ၎င်းနှင့် ယူအီးအက်ဖ်အေတို့ဟာ  ဥရောပစူပါလိဂ်ရဲ့ ကနဦး ခြိမ်းခြောက်မှုကိုလည်း ခံခဲ့ရပါတယ်။

ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် ရုရှားနိုင်ငံကို ဥရောပဘောလုံးအဖွဲချုပ်က ယမန်နှစ်က ပိတ်ပင်ခဲ့ကြောင်းလဲသိရှိရပါတယ်။ လာမယ့်နှစ်တွေမှာတော့ ယူအီးအက်ဖ်အေဟာ သူ့ရဲ့ အထင်ကရ ကလပ်ပြိုင်ပွဲတွေကို ချန်ပီယံလိဂ် ပုံစံနဲ့ ပြုလုပ်ထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

#ယူအီးအက်ဖ်အေ #ဆီဖာရင်