ရှေ့သို့
Image

ချဲလ်ဆီးအသင်းရဲ့ယာယီနည်းပြဖြစ်လာဖို့ သဘောတူလိုက်ပြီဖြစ်တဲ့ လမ်းပတ်

2:06 PM, 6 April

သတင်းတွေအရ လမ်းပတ်ဟာ ရာသီကုန်အထိ ချဲလ်ဆီးအသင်းရဲ့ယာယီနည်းပြအဖြစ် တာဝန်ယူဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။ လီဗာပူးကို ဝ-၀ သရေကျခဲ့ပြီးနောက် ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေက လမ်းပတ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

လမ်းပတ်ဟာ ၂၀၂၁ ဇန်နဝါရီတုန်းက အထုတ်ခံခဲ့ရတာဖြစ်ပြီး အခုတော့ အသင်းကို ယာယီတာဝန်ယူပြီး ကူညီမှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဗုဒ္ဓဟူးနေ့က ဆွေးနွေးခဲ့ပြီးနောက် နည်းပြဟောင်းကို ပြန်လည် ခန့်အပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒေးဗစ်အွန်စတိန်းကလည်း ချဲလ်ဆီးဟာ လမ်းပတ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်နိုင်ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ ဆိုပါတယ်။ လမ်းပတ်ရဲ့လက်ထောက်တွေအဖြစ် အက်ရှ်လေကိုးလ်၊ အက်ဒ်ဝါ့တ်၊ ခရစ္စဂျုံးစ်တို့လည်း ပါဝင်လာမှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ပေါ်တာကို ထုတ်ပယ်ပြီးနောာက် နာဂယ်စမန်း နဲ့ အင်းနရစ်တို့ကို စိတ်ဝင်စားခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပြီးသတ်ခန့်အပ်ဖို့ကို နွေရာသီမှသာ လုပ်ဆောင်ချင်နေပြီး လမ်းပတ်ကိုသာ ယာယီခန့်အပ်ခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် ၉ ပွဲကစားဖို့ ကျန်နေသလို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာလည်း ရီးရဲလ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #ပရီးမီးယားလိဂ်