ရှေ့သို့
Image

ဇီဒန်းဟာ ဘယ်တော့မှပရီးမီးယားလိဂ်နည်းပြ ဖြစ်လာမှာမဟုတ်ဘူးလို့ ပီတစ် ပြောကြား

11:43 AM, 6 April

ဇီဒန်းဟာ သူ့ရဲ့အင်္ဂလိပ်စကားအဆင်မပြေမှုကြောင့် ချဲလ်ဆီး ဒါမှမဟုတ် တော့တင်ဟမ်နည်းပြဖြစ်လာမှာ မဟုတ်ဘူးလို့ ပီတစ်က ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးဟာ တနင်္ဂနွေနေ့က ပေါ်တာကို ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်ရှာဖွေနေတာဖြစ်ပါတယ်။ တော့တင်ဟမ်ကလည်း ကွန်တီကို ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်ရှာဖွေနေပါတယ်။

အသက် ၅၀ အရွယ် ဇီဒန်းဟာ ရီးရဲလ်အသင်းနဲ့အတူ အောင်မြင်ခဲ့တာကြောင့် ၂ သင်းစလုံးရဲ့လျာထားစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပီတစ်က ဇီဒန်းရဲ့အင်္ဂလိပ်စကားအဆင်မပြေမှုကြောင့် ပရီးမီးယားလိဂ်ကို လာမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“သူ(ဇီဒန်း) လာမှာမဟုတ်ပါဘူး။ လုံးဝသေချာပါတယ်။ ဘာကြောင့်လဲသိလား။ ဘာလို့လဲဆိုတော့ သူ့ရဲ့အင်္ဂလိပ်စကားပြောက အဆင်မပြေတာကြောင့်ပါ။ အဲ့တာက အမှန်ပါ။ ကျွန်တော် ဇီဒန်းကို အချိန်အတော်ကြာသိခဲ့တာပါ။ သူနဲ့ အရမ်းနီးကပ်ခဲ့ပြီး သူ့ကစားသမားတွေကို အမြဲတမ်းစကားပြောပါတယ်။ သူက ချိတ်ဆက်မှုကို အဓိကလိုချင်တာပါ။ အဲ့တာက သူ့အတွက် အရမ်းအရေးပါပါတယ်။ အခြားသူတစ်ဦးက ဘာသာပြန်တာကို မလိုချင်ပါဘူး”လို့ ပီတစ်က ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားသား ဘီယဲလ်ဆာတောင် သတင်းစာရှင်းပွဲမှာ စပိန်လိုပဲပြောပြီး အင်္ဂလိပ်ကို ဘာသာပြန်ခေါ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဇီဒန်းရဲ့ရေပန်းစားမှုတွေက ကျမသွားပဲ ဘွတ်ကီဒိုင်တွေရဲ့အလေးပေးမှုမှာ ရေပန်းစားနေဆဲဖြစ်ပါတယ်။ ဘိုင်ယန်နည်းပြဟောင်း နာဂယ်စမန်းကလည်း ရေပန်းစားနေပြီး ပိုချက်တီနိုကလည်း လျာထားစာရင်းမှာ ပါဝင်နေပါတယ်။

ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်ကတော့ ၁၂ လေး ၁ လေးနဲ့ ရေပန်းစားနေပါတယ်။

#ချဲလ်ဆီး #ဇီဒန်း #ပီတစ် #ပရီးမီးယားလိဂ်