ရှေ့သို့
Image

ဒီဂီယာရဲ့ အားနည်းချက်ကို နယူးကာဆယ်က အခွင့်ကောင်းယူခဲ့ကြောင်း ပြောဆိုလိုက်တဲ့ ဂျာကော့ဘ်မာဖီ

2:05 PM, 5 April

ဒီဂီယာရဲ့ ဘောလုံးပေးပို့မှုအားနည်းချက်ကို သတိထားမိခဲ့ပြီးနောက်မှာတော့ နယူးကာဆယ် အသင်းက ပစ်မှတ်ထားကာ တနင်္ဂနွေနေ့ပွဲမှာ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်လို့ မာဖီက ပြောကြားလိုက်ပါတယ်။

ဦးဆောင်ဂိုး ရရှိဖို့အတွက် နယူးကာဆယ်အသင်းဟာ ၆၅ မိနစ်အထိ စောင့်ခဲ့ရတာဖြစ်ပြီး ဝဲလ်လော့ခ်က အနီးကပ်ပိတ်သွင်းယူခဲ့ကာ ပွဲပြီးဖို့ ၂ မိနစ်အလိုမှာတော့ ဝီလ်ဆင်က ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။ ပထမဆုံး ဂိုးကန်ချက်ကတည်းက ဒီဂီယာရဲ့ တုန့်ဆိုင်းမှုကို တွေ့ရှိခဲ့ပြီး စပိန်နိုင်ငံသားရဲ့ မသေချာမှုကို နယူးကာဆယ်က အဆုံးချခဲ့တာဖြစ်တယ်လို့ မာဖီက ပြောထားပါတယ်။

"ပထမဆုံးဂိုးကန်ချက်မှာ ဒီဂီယက အချိန်အနည်းငယ်ယူခဲ့တာပါ၊ ဒါကပုံမှန်မဟုတ်ပါဘူး။ ဒါနဲ့ပဲ သူက အချိန်တွေယူနေပြီး ကွင်းထဲကသူတွေကို လိုက်မေးနေကာ ပြီးနောက် ဝေးကြီးသို့ ကန်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကနေ ကျွန်တော်တို့က အခွင့်အကောင်းယူလို့ရမယ်လို့ ကျွန်တော်မြင်မိခဲ့ပါတယ်" လို့ မာဖီက ဖာဒီနန်ကို Vibe with Five You Tube channel မှာ ပြောပါတယ်။

ဒီဂီယာဟာ အိုးထရက်ဖို့ဒ်တွင် တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ ရရှိနေပြီး အသင်းရဲ့လစာအများဆုံး ကစားသမားတစ်ဦးဖြစ်နေကာ သူ့ရဲ့စာချုပ်က နွေရာသီမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ လစာလျော့ပေးကာ အသင်းမှာ ဆက်ရှိစေချင်သော်လည်း ဒီဂီယာကတော့ ကလပ်ရဲ့နောက်ဆုံးအကြိမ် ကမ်းလှမ်းထားတာကို ပယ်ချထားပါတယ်။

နည်းပြတန်ဟက်ကတော့ လုခ်ရှောကို စာချုပ်သက်တမ်း တိုးနိုင်ခဲ့သလို အသက် ၃၂ နှစ်အရွယ် ဂိုးသမားကို သက်တမ်းတိုးလိုနေတာဖြစ်ပါတယ်။ လက်ရှိရာသီ ဒီဂီယာရဲ့ စွမ်းဆောင်မှုအပေါ် စိုးရိမ်မှုတွေရှိနေသော်လည်း တန်ဟက်ကတော့ သူ့ရဲ့ဂိုးသမားကို ကာကွယ်ပြောဆိုထားပါတယ်။ ဖိအားပေးကစားရာတွင် ဗာရာနီရဲ့ စွမ်းဆောင်ရည်က အံ့ဩစရာမရှိသော်လည်း ပထမဂိုးမပေးလိုက်ရမီ သူ့ရဲ့ ပေးပို့မှုတွေက နေရာအလွဲသို့ ရောက်စေခဲ့ပါတယ်။

ဒီဂီယာထံ ဘောလုံးရှိနေတဲ့အချိန်က ပြဿနာဖြစ်နိုင်ခဲ့ပါတယ်လို့ မာဖီက မှတ်ချက်ပေးပြောကြားထားပါတယ်။ နယူးကာဆယ်အသင်းရဲ့ ပထမဂိုးကို ခွင့်ပြုခဲ့ရတဲ့အချိန် ဒီဂီယာရဲ့ စွမ်းဆောင်မှုကို သုံးသပ်ရမယ်ဆိုရင် စပိန်နိုင်ငံသားဟာ ဗရာနီရဲ့ရှေ့မှာ ဘောလုံးပေးပို့မှု ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး။

ဗဟိုခံစစ်မှုးဟာ အလက်ဇန်းဒါးအိုင်ဆက်ရဲ့ ဖိအားပေးမှုကြောင့် ဘောလုံးဆုံးရှုံးသွားခဲ့ပြီး နယူးကာဆယ်က ဘောလုံးပိုင်ဆိုင်မှုရရှိပြီး တစ်မိနစ်ခန့်မရှိခင်မှာ ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ ရှုံးနိမ့်မှုကြောင့် ယူနိုက်တက်ဟာ ထိပ်ဆုံး ၄ သင်းအဆင့်ကနေ ဖယ်ပေးလိုက်ရပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #နယူးကာဆယ် #အဲရစ်တန်ဟက် #မာဖီ #ပရီးမီးယားလိဂ်