ရှေ့သို့
Image

ဒါလော့နှင့် ဝမ်ဘစ်ဆာကာတို့ရဲ့ ပြိုင်ဆိုင်မှုအပေါ် သူ့ရဲ့အမြင်ကို ပြောကြားလိုက်တဲ့ တန်ဟက်

1:59 PM, 5 April

ဒါလော့နှင့် ဝမ်ဘစ်ဆာကာတို့ရဲ့အကြား ပြိုင်ဆိုင်ကတကယ့်ကို ပြင်းထန်ပါတယ်လို့ တန်ဟက်က ပြောဆိုထားပါတယ်။ ကမ္ဘာ့ဖလားမတိုင်ခင်အထိ ဝမ်ဘစ်ဆာကာဟာ ၆ မိနစ်သာ ကစားထားရတာဖြစ်ပြီး ပထမဆုံး ၂၁ ပွဲအားလုံးကို ဒါလော့ကသာ ကစားထားရတာဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ်ကြောင့်သာ ဖူလ်ဟမ်နှင့်ပွဲကို လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

ဒီဇင်ဘာလ ပြန်စကတည်းက ဝမ်ဘစ်ဆာကာဟာ ယူနိုက်တက်ရဲ့ ၂၆ ပွဲမှာ ၁၆ ပွဲအထိ ပွဲထွက်ကစားခဲ့ရကာ ဒါလော့က တစ်လနီးပါး ဒဏ်ရာရှိနေတာဖြစ်ပါတယ်။ ဝမ်ဘစ်ဆာကာဟာ တနင်္ဂနွေနေ့က နယူးကာဆယ်သို့ လိုက်ပါသွားသော်လည်း အဖျားရောဂါကြောင့် မပါဝင်ခဲ့ရပါဘူး။ ကာရာဘောင်ဖလားဖိုင်နယ်ပွဲစဉ်မှာ စိန့်မက်ဆီမန်ကို ထိန်းရာတွင် ဒါလော့က တိုင်ပတ်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ နည်းပြဟာ ဝမ်ဘစ်ဆာကာနှင့် လူစားလဲခဲ့ပါတယ်။

"သူတို့ကြားက ပြိုင်ဆိုင်မှုဟာ တကယ့်ကို ပြင်းထန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် အာရွန်ရဲ့ကစားပုံက ခံစစ်နည်းနည်းပိုဆန်ပြီး၊ ဒါလော့ရဲ့ ကစားပုံက တိုက်စစ်သို့ ပိုမိုလိုက်ပါကစားတာပါ။ သူတို့ နှစ်ယောက်စလုံးက နယ်ပယ်နှစ်ခုလုံးမှာ တိုးတက်နေတာမို့ တကယ်ကို ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်" လို့ နည်းပြက ပြောပါတယ်။

လက်ရှိရာသီမှာ ခြေစွမ်းပြသထားတဲ့ အင်္ဂလန်သား လုခ်ရှောကို ယူနိုက်တက်က ၂၀၂၇ ခုနှစ်အထိ စာချုပ်အသစ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှောဟာ ဆောက်သမ်တန်မှ ယူနိုက်တက်သို့ ၂၀၁၄ ခုနှစ်တွင် ပေါင် ၃၁ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး ယခုရက်သတ္တပတ်တွင် အသင်းအတွက် ပွဲပေါင်း ၂၅၀ မြောက်ပွဲကို ပါဝင်ကစားဖို့ရှိနေတာဖြစ်ပါတယ်။

"ဒါဟာ ကောင်းမွန်တဲ့ သတင်းတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ရှောက  ဒီရာသီမှာ တကယ်ကို ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး သူနဲ့အတူ တကယ်ကို ပျော်ရွှင်မိပါတယ်။ သူက ခေတ်မီဘယ်နောက်ခံလူ တစ်ယောက်ဖြစ်ပေမယ့် တခြားနေရာတွေမှာလည်း ကစားနိုင်ပြီး ဘယ်ဗဟိုနောက်ခံလူအဖြစ်လည်း ကစားနိုင်ပါတယ်" "သူက ကျွန်တော်တို့ လိုချင်တဲ့ စံနှုန်းတွေနဲ့ လုံးဝကိုက်ညီပါတယ်။ အဲဒါက အရမ်းကောင်းတဲ့ သတင်းတစ်ခုပါပဲ" လို့ တန်ဟက်က ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီယေဂိုဒါလော့ #ဝမ်ဘစ်ဆာကာ #တန်ဟတ် #ပရီးမီးယားလိဂ်