ရှေ့သို့
Image

ဗီလာစတား ဝက်ကင်းစ်ကို ခေါ်ယူရန် စိတ်ဝင်စားမှု ပြသလာတဲ့ အာဆင်နယ်

2:59 PM, 4 April

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းပြသကာ အမှတ်ပေးဇယားကို ကာလရှည်ကြာ ဦးဆောင်ထားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းက တိုက်စစ်ပိုင်းကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် ဗီလာအသင်းနဲ့အတူ ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၉)မှာ အဖိုးတန်ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား အိုလီဝက်ကင်းစ်ကို ခေါ်ယူရန် စိတ်ဝင်စားလာတာပဲ ဖြစ်ပါတယ်။

သတင်းရင်းမြစ်အချို့ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းက ရှေ့လာမယ့်နှစ်ရာသီကြို အပြောင်းအရွှေ့ကာလအတွင်းမှာ အက်စ်တွန်ဗီလာတိုက်စစ်ကစားသမားကို ခေါ်ယူကာ တိုက်စစ်ပိုင်းမြှင့်တင်ရေး အားထုတ်လာနိုင်တာ ဖြစ်ပါတယ်။ အိုလီဝက်ကင်းစ်အနေဖြင့် ယခုနှစ်ဘောလုံးရာသီအတွင်းမှာ ဗီလာအသင်းနဲ့အတူ ခြေစွမ်းပြ ကစားနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အာဆင်နယ်အသင်းအပြင် ပရီးမီးယားလိဂ်မှာ ပြန်လည်ဦးမော့နိုင်ရေး ပြင်ဆင်နေတဲ့ မန်ချက်စတာယူနိုက်တက် အပါအဝင် လီဗာပူးအသင်းကပါ ခေါ်ယူရန် စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းက အေစီမီလန်အသင်းရဲ့အသင်းခေါင်းဆောင် သီယိုဟာနန်ဒက်ဇ်ကိုလည်း ခေါ်ယူရန် စိတ်ဝင်စားလျှက်ရှိနေတာလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ဇင်ချန်ကို၊ တီယာနေးတို့ရှိပေမဲ့ ပြင်သစ်နောက်တန်းအစွန် ကစားသမားကို ခေါ်ယူကာ ကစားသမားစာရင်း တောင့်တင်းလာစေရန် ပြင်ဆင်နေတာဖြစ်ပြီး သီယိုဟာနန်ဒက်ဇ်အတွက် ပြောင်းရွှေ့ကြေးယူရို သန်း ၇၀မှ ယူရို သန်း ၈၀အကြားမှာ ပေးချေရနိုင်တာပဲ ဖြစ်ပါတယ်။

#အာဆင်နယ် #အက်စတွန်ဗီလာ #အပြောင်းအရွှေ့ #ဝက်ကင်းစ်