ရှေ့သို့
Image

ပေါ့တာ ချဲလ်ဆီးကနေ အထုတ်ခံရတဲ့အပေါ် စိတ်မကောင်းဖြစ်နေတဲ့ ယာယီနည်းပြ ဘရူနိုဆယ်လ်တာ

11:32 AM, 4 April

တူချယ် အထုတ်ခံရတာနဲ့ပတ်သက်ပြီး ဝမ်းနည်းမိတယ်လို့ ပြောကြားခဲ့ကာ ရလဒ်ဆိုးတွေအတွက် အားလုံးမှာ တာဝန်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

ပေါ့တာဟာ တနင်္ဂနွေနေ့တုန်းက အထုတ်ခံခဲ့ရတာဖြစ်ပြီး အသင်းကလည်း အဆင့် ၁၁ နေရာအထိ ဆင်းသွားခဲ့တာဖြစ်ပါတယ်။ အဆိုပါအနေအထားကြောင့် ပေါ့တာတစ်ယောက် ချဲလ်ဆီးအသင်းနဲ့ လမ်းခွဲခဲ့ရတာဖြစ်ပါတယ်။ ဗီလာကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးဟာ အင်္ဂါနေ့မှာ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ပေါ့တာအထုတ်ခံရတာနဲ့ပတ်သက်ပြီး ဆယ်လ်တာက “ကျွန်တော် လွန်ခဲ့တဲ့ ၅ မိနစ်လောက်တုန်းက ပေါ်တာနဲ့ စကားပြောခဲ့ရပါတယ်။ သူက အားလုံးကို သတိရတယ်လို့ ပြောခဲ့ပါတယ်။ ဝန်ထမ်းအားလုံးအတွက် အဲ့ ၂၄ နာရီက ခက်ခဲခဲ့ပါတယ်။ ပြီးတော့ အခြေအနေကို အဆင်ပြေအောင် လုပ်ရပါတယ်။ ကျွန်တော် ကစားသမားတွေကို မမြင်ရသေးပါဘူး။ မနက်ဖြန်မှာ လေ့ကျင့်ခန်းအစီအစဉ်ရှိပါတယ်။  ပြီးတော့ လီဗာပူးနဲ့ပွဲကို အာရုံစိုက်ရပါမယ်။ အသင်းပိုင်ရှင်နဲ့ စကားပြောပြီးပါပြီ။ သူတို့က အရမ်းထောက်ပံ့ကြသလို မနက်ဖြန်ပွဲကို အာရုံစိုက်မှာပါ။ ဒါကြောင့် ဒီမှာ ကျွန်တော်ရှိနေတာပါ။ အသင်းကို ကျွန်တော် ကူညီချင်ပါတယ်။ ပေါ့တာက သူ့အလုပ်ကို အကောင်းဆုံးလုပ်ခဲ့တယ်လို့ ထင်ပါတယ်။ ဘောလုံးရပ်ဝန်းက ရှုပ်ထွေးပါတယ်။ ကျွန်တော်တို့ ဆက်သွားရပါမယ်။ အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ မနက်ဖြန်ပွဲရလဒ်ကောင်းအောင် အာရုံစိုက်ရပါမယ်။ အဲ့ပွဲကို ရလဒ်ကောင်းအောာင် ကျွန်တော် အကောင်းဆုံးကြိုးစားသွားမှာပါ”လို့ ဆယ်လ်တာက ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ဂရေဟမ် ပေါ့တာ #ပရီးမီးယားလိဂ် #ဘရူနိုဆယ်လ်တာ