ရှေ့သို့
Image

ဗီရိုနာနှင့် ပွဲမှာ ကျွန်တော်တို့က ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူးလို့ ဝန်ခံလိုက်တဲ့ အယ်လီဂရီ

1:38 PM, 3 April

ဗီရိုနာကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းပွဲစဉ်တွင် ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူးလို့ ပြောဆိုလိုက်ပြီး နည်းပြဟာ ပွဲမပြီးဆုံးမီမှာပင် ဥမျှင်ထဲသို့ ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် ၅၅ မိနစ်မှာ သွင်းယူခဲ့တဲ့ မွိုက်ကိန်းရဲ့ဂိုးကြောင့် ဂျူဗင်တပ်စ်ဟာ ၅ ပွဲဆက် အနိုင်ရရှိခဲ့ပါတယ်။
ဒါပေမဲ့ နည်းပြ အယ်လီဂရီဟာ အသင်းရဲ့ ကစားပုံကို သဘောကျခြင်းမရှိခဲ့ဘဲ ဒေါသတကြီးဖြင့် ပွဲမပြီးဆုံးမီမှာပင် ဥမျှင်ထဲသို့ ဝင်ရောက်သွားခဲ့ပါတယ်။

"ကျွန်​​တော်​တို့က ကောင်းကောင်း​မကစားနိုင်​ခဲ့ပါဘူး၊ ​နောက်​ဆုံးငါးမိနစ်​မှာ ပြိုင်ဘက်အသင်းကို ဆက်တိုက် ဖိအားပေးပြီး ကျွန်​​တော်​တို့က ဒုတိယမြောက်ဂိုးကို ​သွင်းယူသင့်တယ်လို့ထင်​ပါတယ်​" "ငါးမိနစ်လောက်ကိုမရှိပါဘူး ဗီရိုနာဟာ လိုအပ်အပ်နေတဲ့ ဂိုးအတွက် ဂိုးဧရိယာထဲသို့ ဖြတ်တင်မှုပေးပို့ခဲ့ပြီး ဘာမှတော့ ဖြစ်မသွားခဲ့ပါဘူး။ သရေသာဖြစ်သွားခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် ထိခိုက်သွားနိုင်ပါတယ်"

"ရှုပ်ထွေးတဲ့ ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ပြီး နိုင်ငံတကာပွဲစဉ်များပြီးနောက် အမြဲတမ်းအဲ့ဒီလိုပါပဲ။ ဒါဟာ ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်ပြီး ဗီရိုနာက ဆိုးရွားစွာ ကစားစေတာ၊ ကွင်းတစ်ခုလုံးကို ဖိကစားတာကြောင့် ဒီလိုဖြစ်တော့မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်" "အဲဒါကြောင့် အပိုမင်းမိနစ်တွေမှာ ကျွန်တော်တို့က ပိတ်ဆိုကစားခြင်းခံခဲ့ရပြီး အဲ့ဒီနောက် ဘောလုံးပေးဖို့အတွက် လုပ်နိုင်ခဲ့ကာ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်" "ကျွန်တော်တို့ရဲ့ ဂိုးဧရိယာအတွင်း ပြိုင်ဘက်ကို အခွင့်အရေးမပေးဘဲ တစ်ကြိမ်လောက် အကောင်းဆုံးလုပ်ကာ ဦးဆောင်ခဲ့သင့်ပြီး အခွင့်အရေး ၂ ကြိမ်ရရှိခဲ့တာကို ကောင်းကောင်းအသုံးချခဲ့သင့်ပါတယ်" လို့ နည်းပြက ပြောပါတယ်။

နိုင်ပွဲဆက်ကာ ဥရောပဝင်ခွင့်ရရှိဖို့ ဂျူဗင်တပ်စ်က လုပ်ဆောင်နေပေမယ့် အဆင့် ၇ နေရာမှာ ၄၄ မှတ်ဖြင့် ရပ်တည်နေကာ အမှတ်ကွာဟချက် ၁၅ မှတ်အထိ ရှိနေတာဖြစ်ပါတယ်။ ဥရောပဝင်ခွင့်အတွက် ဂျူဗင်တပ်စ်ဟာ ၄၄ မှတ်ဖြင့် အဆင့် ၄နေရာက မီလန် (၄၈ မှတ်)၊ အတ္တလန္တာ (၄၈ မှတ်) နှင့် ရိုးမား (၄၇ မှတ်) တို့ နောက်တွင် ရှိနေပြီးနေပါတယ်။

အမှတ်လျော့ချခြင်းသာမရှိခဲ့ဘူးဆိုရင် သူတို့အသင်းဟာ ရမှတ် ၅၉ မှတ်ဖြင့် စီးရီအေရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေမှာဖြစ်တယ်လို့ အယ်လီဂရီက ထောက်ပြပြောဆိုထားပါတယ်။ ပြစ်ဒဏ််အတွက် ဂျူဗင်တပ်စ်ဟာ အယူခံဝင်ထားပြီး ဧပြီလ ၁၉ ရက်နေ့မှာ ကြားနာမှု ပြုလုပ်မှာဖြစ်ပါတယ်။

"ဒီပြစ်ဒဏ်သာမရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့က ၅၉ မှတ်ရရှိနေပြီး အင်တာမီလန်နှင့် အနီးကပ်ဆုံးနေရာတွင်ရှိကာ မီလန်နှင့် လာဇီယိုတို့ရဲ့အထက်မှာ ရှိနေနိုင်မှာဖြစ်ပါတယ်" "အင်္ဂါနေ့မှာ အင်တာမီလန်နဲ့ ကိုပါအီတာလီယာကို ကစားရမှာဖြစ်ပြီး အဲဒီ့နောက် စနေနေ့မှာ လာဇီယိုနှင့် ကစားရမှာဖြစ်တာကြောင့် ကျွန်တော်တို့က အဆင်သင့်ဖြစ်ရမှာပါ"

"ဘောလုံးမှာ ရလဒ်ကောင်းတစ်ခုရရှိခဲ့ရင် အဲ့ဒါကပဲ မြန်မြန်ဆန်ဆန်ဖြင့် အမီလိုက်နိုင်နိုင်စေမှာပါ။ ကျွန်တော်တို့က တစ်ချိန်တည်းမှာ ခြေလှမ်းတစ်လှမ်းပဲ လှမ်းရမှာပါ" "ကျွန်တော်တို့မြင်နေရတဲ့ ဇယားအစစ်အမှန်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ၄ မှတ်ကွာနေတာကို ပြသနေတာဖြစ်ပြီး ဒါက အများကြီးပါပဲ" လို့ နည်းပြကပြောပါတယ်။

#စီးရီးအေ #ဗီရိုနာ #ဂျူဗင်တပ်စ် #အယ်လီဂရီ