ဂါဗီကို တရားစွဲဖို့စဉ်းစားနေတဲ့ အယ်လ်ချီ
1:01 PM, 3 April
နိုင်ငံတကာပွဲစဉ်များအပြီးတွင် ဘာစီလိုနာဟာ အယ်လ်ချီနှင့် ကစားခဲ့တာဖြစ်ပြီး အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ကနေ ရီးရဲလ်မက်ဒရစ်ကို ၁၅ မှတ်အသာဖြင့် ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရောဘတ်လီဝန်ဒေါစကီး၊ အန်ဆုဖာတီနှင့် ဖာရန်တောရက်စ်တို့က ဂိုးများသွင်းယူခဲ့ပြီး ဂါဗီက အကောင်းဆုံး ကစားသမားဖြစ်တယ်ဆိုတာ ငြင်းဆိုလို့မရနိုင်ခဲ့ကာ သူ့ရဲ့ပုံမှန်ကစားနေကြဖြစ်တဲ့ ကွင်းလယ်မှာပါဝင်ခဲ့တာဖြစ်ပါတယ်။
စပိန်သားဟာ ဂိုးဖန်တီးမှု ၁ ကြိမ်၊ အဓိကဖြတ်တင်ပေးမှု ၄ ကြိမ်၊ ကြီးမားတဲ့ အခွင့်အရေး၂ ကြိမ် ဖန်တီးခဲ့ပြီး လိမ်ခေါက်မှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အယ်လ်ချီဟာ ဂါဗီရဲ့ကစားပုံကို မကျေနပ်ဖြစ်နေပြီး ဘာစီလိုနာကို တရားဥပဒေအရ အရေးယူရန် စီစဉ်နေကြောင်း Isaac Fuotoရဲ့ဖော်ပြချက်အရ သိရှိရပါတယ်။
ဘာစီလိုနာပထမအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုပြီးနောက် စီနီယာအသင်းမှာ ဂါဗီရဲ့မှတ်ပုံတင်မှုကို စပိန်တရားရေးဌာနက ပယ်ဖျက်ခဲ့ပါတယ်။ စပိန်သားဟာ ဂျူဗင်လီအေနှင့် စာချုပ်အတိုင်း သူ့ရဲ့အရင်ကျောနံပါတ်ဖြစ်တဲ့ ၃၀ ကိုသာ ပြန်လည်ဝတ်ဆင်ခဲ့ရပါတယ်။
RFEFရဲ့ ပုဒ်မ ၁၄၁ အရ ကစားသမားတစ်ဦးဟာ သူ့ရဲ့ မှတ်ပုံတင်ခြင်းကို ဖျက်သိမ်းလိုက်တာနဲ့ ထပ်မံကစားခွင့်မရှိနေတာဖြစ်ပါတယ်။ RFEF စည်းမျဉ်းများထက်ကျော်လွန်ခဲ့တဲ့ ဂါဗီရဲ့ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်ပြီး ဘာစီလိုနာက 'ကြိုတင်ကာကွယ်မှု' ရရှိထားကြောင်း Fuoto ကပြောကြားခဲ့ပါတယ်။ သို့သော်လည်း အသင်းတစ်သင်းကတော့ တရားစွဲဖို့ဆုံးဖြတ်ပါက ကော်မတီဟာ နောက်ဆုံးတွင် ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။
အယ်လ်ချီရဲ့ အမှတ်ပေးဇယားရပ်တည်မှုက အဆင့် ၂၀ ဖြစ်ပြီး ဘာစီလိုနာကိုအနိုင်ရခဲ့ရင်လည်း ဘာမှပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အဆင့် ၁၉နှင့် သူတို့ရဲ့ကွာခြားချက်က ၁၃ မှတ်အထိရှိနေပါတယ်။
ဂါဗီရဲ့မှတ်ပုံတင်ခြင်းကို တရားရုံးတွင် အယူခံဝင်ရန် ဆုံးဖြတ်ခဲ့သည့် လာလီဂါရလဒ်ကို RFEF က ပယ်ချဖို့လုပ်ခဲ့ပြီး ကစားသမားကိုလည်း သူ့ရဲ့ယခင်စာချုပ်အတိုင်း ပြန်လုပ်ဖို့ တွန်းအားပေးခဲ့ပါတယ်။
မည်သို့ပင်ဆိုစေကာမူ အယ်လ်ချီက ဥပဒေကြောင်းအရ တရားစွဲဆိုခြင်းမပြုသေးပါ။ ဒီအငြင်းပွားမှုနှင့် ပတ်သက်ပြီး လာမည့်ရက်များအတွင်း နောက်ထပ် လှုပ်ရှားမှုရှိလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။