ရှေ့သို့
Image

နာဂယ်စ်မန်းကို ခန့်အပ်ဖို့ အစီစဉ်ရှိသော်လည်း ဂရေဟမ်ပေါ်တာအား အချိန်ပိုပေးဖို့ ဘိုလီအား တိုက်တွန်းလိုက်တဲ့ ချဲလ်ဆီးကစားသမားဟောင်း

12:56 PM, 3 April

ချဲလ်ဆီးတွင် သက်သေပြဖို့ ပေါ်တာကို အချိန်ပိုပေးရန် ဘိုလီကို ဟက်ဆယ်ဘိန့်ခ်က တိုက်တွန်းလိုက်ပါတယ်။  အက်စတွန်ဗီလာကို ရှုံးနိမ့်ပြီးနောက် အသက် ၄၇နှစ် အရွယ်နည်းပြရဲ့ စတန်းဖို့ဒ်ဘရစ်ချ်ရှိ အနာဂတ်က မရေရာမှုနှင့် ရင်ဆိုင်နေရပြီး ချယ်လ်ဆီးအသင်းကလည်း ဇယားမှာအဆင့်ကျဆင်းသွားခဲ့ရပါတယ်။

အနောက်လန်ဒန်ကလပ်ဟာ အဆင့်လေးနေရာမှ တော့တင်ဟမ်နှင့် ၁၁ မှတ်ကွာဟလျက်ရှိပါတယ်။ ပရီးမီးယားလိဂ်ကနေတစ်ဆင့် ယူအီးအက်ဖ်အေပြိုင်ပွဲတွေကို ဝင်ရောက်ဖို့က အလှမ်းဝေးသွားပြီဖြစ်ပြီး ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ဖလားရဖို့ ဖိအားတွေ ရှိနေပြီး ကွာတားဖိုင်နယ်ပွဲစဉ်မှာ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်နှင့် ရင်ဆိုင်ကစားသွားရမှာဖြစ်ပါတယ်။ မဖြစ်နိုင်ပေမယ့် ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာ သေချာပါတယ်။

ဘိုလီဟာ ယခုအချိန်အထိ ရလဒ်ကောင်းများရရှိဖို့ တောင်းဆိုနေသော်လည်း ဟက်ဆယ်ဘိန့်ခ်ကတော့ ရေတိုအောင်မြင်ရန် မလိုအပ်ဘဲ ပရောဂျက်တစ်ခုကို လိုချင်သောကြောင့် အမေရိကန်ဘီလီယံနာက တူချယ်ရဲ့နေရာမှာ ပေါ်တာကို အစားထိုးခန့်အပ်ခဲ့တာဖြစ်ကြောင်း ပြောထားပါတယ်။

"လူငယ်ကစားသမားတွေနဲ့ လုပ်ဖို့ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် အမှားတွေလုပ်မိပြီး မှန်ကန်အောင်လုပ်ဖို့ အချိန်ပေးရမယ်။ သူတို့ကို အချိန်ပေးရမယ်၊ ဒီကာလကို မဖြတ်သန်းရင် နောက်ဆုံးလိုချင်တာကို ရရှိလာမှာမဟုတ်ပါဘူး" "ပြီးတော့ ပေါ်တာအတွက် လုပ်ပေးဖို့ ဆုံးဖြတ်ချက်ချပြီးပြီဖြစ်ပါတယ်။ လောလောဆယ်မှာ သူတို့ဟာ ခက်ခဲတဲ့ကာလမှာ ရောက်နေပေမယ့် သူ့အပေါ်ကို မှီခိုရမယ်လို့ ထင်ပါတယ်။ လူငယ်ကစားသမားတွေ၊ ပေါ်တာတို့ရဲ့အတူသွားပြီး ဒီပရောဂျက်ကိုလုပ်ရမှာဖြစ်ပါတယ်" လို့ ဟက်ဆယ်ဘိန့်ခ်က ပြောပါတယ်။

ချဲလ်ဆီးဟာ ပေါ်တာကို အချိန်ပိုပေးလိမ့်မယ်လို့ ဟက်ဆယ်ဘိန့်ခ်က မျှော်လင့်နေသော်လည်း အသင်းကတော့ နောက်ကွယ်တွင် အရေးပေါ်အစီအစဉ်တစ်ခုကို စုစည်းထားပုံရသည်။ ဖာဘရီဇီယိုရိုမန်နိုရဲ့ ဖော်ပြချက်အရ နာဂယ်စမန်းဟာ ကလပ်ရဲ့အနာဂတ်ထိပ်တန်းနည်းပြတစ်ဦးအဖြစ် အမြဲတမ်းချီးကျူးခံခဲ့ရပါတယ်။

ရယ်စရာကောင်းတာက သူ့ကို ဒီလအစောပိုင်းမှာ ဘိုင်ယန်မြူးနစ်ကထုတ်ပယ်ပြီး တူချယ်နဲ့ အစားထိုးခဲ့ခြင်းဖြစ်ပါတယ်။ သို့သော်လည်း ချယ်လ်ဆီးက နာဂယ်စ်မန်းကို ခေါ်ယူချင်တယ်ဆိုရင်တောင် အသက် ၃၅ နှစ်အရွယ် နည်းပြက ချက်ခြင်းတာဝန်ကို ထမ်းဆောင်ရန် မဖြစ်နိုင်ကြောင်း Sky Sports Germanyက ပြောကြားထားပါတယ်။

မည်သို့ပင်ဆိုစေကာမူ နာဂယ်စ်မန်းဟာ ချဲလ်ဆီး ပရိသတ်တွေကြားမှာ ရေပန်းစားနေသူတစ်ဦးအဖြစ် ပေါ်ထွက်လာနေပါတယ်။ ပရိသတ်တွေက လက်ရှိနည်းပြ ပေါ်တာကို လှောင်ပြောင်အော်ဟစ်ခဲ့ကြသော်လည်း ချဲလ်ဆီးအသင်းပိုင်ရှင်ကတော့ နောက်ထပ် ထောက်ခံပေးထားမယ်လို့ ပြောဆိုခဲ့ပါတယ်။

"သူတို့က ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေပါ၊ ချဲလ်ဆီးအတွက် ကစားနေကြတာပါ၊ တောင်းဆိုမှုတွေကို နားလည်ပါတယ်၊ သူတို့တွေကလည်း အဲဒါက ဘာလဲဆိုတာနဲ့ အသင်းကဘယ်မှာရှိနေတာလည်းဆိုတာ နားလည်ပါတယ်၊ သူတို့က မိုက်မဲတဲ့သူတွေမဟုတ်ပါဘူး" "သူတို့က တာဝန်ယူမှု တာဝန်ခံကိုလက်ခံပါတယ်၊ ရိုးသားပြီး၊ ပိုကောင်းချင်ကြပါတယ်။ တယောက်နဲ့တယောက် ယှဉ်ပြိုင်နေပြီး အတူတူ ယှဉ်ပြိုင်နေတာဖြစ်လို့ ပရိသတ်တွေရဲ့ပြောဆိုမှုအပေါ် စောဒကတက်စရာမရှိပါဘူး" လို့ ပေါ်တာက ပြောပါတယ်။

#ချဲလ်ဆီး #နာဂယ်စ်မန်း #ဘိုလီ #ပရီးမီးယားလိဂ် #ဂရေဟမ်ပေါ်တာ