ရှေ့သို့
Image

မန်စီးတီးကစားသမား ဂန်ဒိုဂန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အလိုရှိနေတဲ့ ဘာစီလိုနာအသင်း

11:52 AM, 3 April

ဘာစီလိုနာသည် မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကို ပေါင်သန်း ၆၀ ဖြင့်ခေါ်ယူရန် ကြိုးပမ်းမှုကို စွန့်လွှတ်ပြီးနောက် ဂန်ဒိုဂန်အား လာမည့်နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းသိရပါတယ်။

စပိန်လိဂ်ခေါင်းဆောင်များသည် ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူရန်ကာလရှည်ကြာစွာ ကမ်းလှမ်းခဲ့ကြပေမယ့် မန်စီးတီးအသင်း တောင်းဆိုနိုင်ဖွယ်ရှိတဲ့ ပေါင်သန်း ၆၀ ကိုပေးချေရန် မလိုလားခဲ့တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်မယ့် ဂန်ဒိုဂန် ကို အာရုံစိုက်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂန်ဒိုဂန်ဟာ ရာသီကုန်မှာ မန်စီးတီးအသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

အဆိုပါဂျာမန်သားက မန်စီးတီးက နေပြောင်းရွှေ့မယ့်သူ့ရဲအစီအစဉ်တွေကို မကြာခင်မှာ ဆုံးဖြတ်ချက်ချမယ်လို့ ကတိပေးခဲ့ပါတယ်။

ဂန်ဒိုဂန် ဟာ မန်ချက်စတာမှာ ပျော်ရွှင်နေပြီး မန်စီးတီးကလည်း သူ့ကို ဆက်နေစေချင်ပေမယ့် တစ်နှစ်စာချုပ်နဲ့သာ ကမ်းလှမ်းထားတယ်လို့ သိရှိရပါတယ်။

ဘာစီလိုနာအသင်းသည် ကစားသမားရဲ့ ကိုယ်စားလှယ်တွေကို နှစ်ဆစာချုပ်နဲ့ကမ်းလှမ်းထားပြီး နူးကမ့်ကို ခေါ်သွားဖို့ စိတ်အားထက်သန်နေတယ်ဆိုတာကို အသိပေးထားပြီးဖြစ်ပါတယ်။

ဂန်ဒိုဂန်သည် စနေနေ့က လီဗာပူးကို ၄-၁ ဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် မန်စီးတီးအသင်းအတွက် ယခုရာသီ၌ ပဉ္စမမြောက်သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။

အဆိုပါဂျာမန်ကြယ်ပွင့်သည် ၂၀၁၆ ခုနှစ်တွင် ဒေါ့မွန်အသင်းမှ ရောက်ရှိလာပြီးကတည်းက မန်စီးတီးအသင်းအတွက် ပွဲပေါင်း ၃၀၀ နီးပါး ကစားပေးထားသည်အပြင် နည်းပြ ဂွါဒီယိုလာ လက်ထက်မှာ ပထမဆုံးခေါ်ယူခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

ဖာနန်ဒင်ဟို ထွက်ခွာသွားပြီးနောက် ဂန်ဒိုဂန်အား မန်စီးတီးအသင်းဖော်များက လက်ရှိဘောလုံးရာသီအတွက် အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြပြီး မန်စီးတီးအသင်းတွင်ရှိစဉ်ကာလများအတွင်း ဂန်ဒိုဂန်သည် ပရီးမီးယားလိဂ်ဖလား လေးကြိမ်နှင့် အက်ဖ်အေ ဖလားတို့ကို ရရှိခဲ့ပါတယ်။

#ဘာစီလိုနာ #မန်စီးတီး #ဂမ်ဒိုဂန် #ပရီးမီးယားလိဂ်