ရှေ့သို့
Image

ချဲလ်ဆီးသို့ ပြန်လာဖို့ ငြင်းဆိုထားတဲ့ အေဘရာဟမ်

9:38 AM, 2 April

တိုက်စစ်မှူးဟာ ချဲလ်ဆီးအသင်းရဲ့ အကယ်ဒမီထွက်ဖြစ်ပြီး ပထမအသင်းအတွက် ၈၂ ပွဲကစားကာ ၁၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။


သို့သော်လည်း ၂၀၂၁ ခုနှစ် နွေရာသီတွင် အေဘရာဟမ်ဟာ မော်ရင်ဟိုရဲ့ စည်းရုံးခြင်းကိုခံခဲ့ရပြီး ရိုးမားသို့ ပေါင် ၃၄ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။


အေဘရာဟမ်ဟာ မော်ရင်ဟိုရဲ့အသင်းအတွက် ပြိုင်ပွဲစုံ ၉၁ ပွဲတွင် ၃၄ ဂိုးနှင့် ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ထားပါတယ်။


အင်္ဂလန်သားဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအသင်းရဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း ကလပ်ရဲ့ပထမဆုံးဆုဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။


အေဘရာဟမ်ဟာ ၂၀၂၆ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်းရှိသော်လည်း ချဲလ်ဆီးအသင်းက သူကို ယူရို သန်း ၈၀ (ပေါင် ၆၈ သန်း) ဖြင့် ပြန်လည်ခေါ်ယူခွင့်ရှိနေကာ အဆိုပါသဘောတူညီမှုက လက်ရှိရာသီကုန်မှာ အသက်ဝင်လာမှာဖြစ်ပါတယ်။


မကြာသေးမီက Four Four Two နှင့် အင်တာဗျူးမှာ အေဘရာဟမ်ကို ချဲလ်ဆီးအသင်းသို့ ပြန်လာရန် ဖြစ်နိုင်ချေရှိမရှိ မေးမြန်းခဲ့ပါတယ်။


"ဘောလုံးမှာ ဘာကိုမှ ပြောလို့မရပါဘူး။ အခုအချိန်မှာတော့ ရိုးမားအတွက်ပဲ အာရုံစိုက်နေပါတယ်၊ ကျွန်တော့်မှာ တခြားအစီအစဥ်တွေ မရှိပါဘူး။ ရိုးမားမှာ နောက်ထပ် ၁၀ နှစ်လောက် ဆက်နေနိုင်မယ် မဟုတ်ဘူးလား" လို့ ကစားသမားက ပြန်ဖြေပါတယ်။


ရိုးမားကို မပြောင်းခင်မှာ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပြီး မြောက်လန်ဒန်ကလပ်မှာ ပြောင်းရွှေ့ဖို့ အလေးအနက်ထား စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။


သူ့ရဲ့မိသားစုဝင်တွေဟာ ဂန်းနားတွေကို အားပေးတဲ့သူတွေဖြစ်ပြီး အာဆင်နယ်ဂန္ထဝင် သီယာရီအွန်နရီကို အတုယူကာ ကြီးပြင်းခဲ့တာဖြစ်ပါတယ်လို့ အေဘရာမဟမ်က ပြောပါတယ်။


"ကျွန်တော့်မိသားစုက အာဆင်နယ်ပရိသတ်တွေဖြစ်ပြီး သူတို့ကိုကြည့်ရင်း ကြီးပြင်းလာခဲ့တယ်။ အွန်နရီက ကျွန်တော့်ရဲ့ အကြီးမားဆုံး အိုင်ဒေါ မဟုတ်ဘူးဆိုရင် ကျွန်တော်လိမ်ပြောနေတာပဲ"


"ကျွန်တော် အွန်နရီ ကို သဘောကျပါတယ်။ သူ့ကြောင့်ပဲ ဘောလုံးသမား ဖြစ်ချင်ခဲ့တာပါ။ သူ ခြေအိတ်ဝတ်တဲ့ ပုံစံအတိုင်းပဲ ကျွန်တော်က ဒီနေ့အထိ ဒီအတိုင်းပဲ ဝတ်နေတုန်းပါပဲ"


"သူရဲ့ လက်ကောက်ဝတ်တိပ်ကို ၀တ်ထားပုံ  ခင်များတို့သတိထားမိမယ်ဆိုရင် ကျွန်တော်ကလည်း လက်ကောက်ဝတ်တိပ်ကို အဲ့ဒီအတိုင်း၀တ်ထားတယ်၊ သူက ကျွန်တော် အရမ်းသဘောကျတဲ့ ကစားသမားတစ်ယောက်ပါ" လို့ အေဗရာဟမ်က ပြောပါတယ်။


မကြာသေးခင်က ထွက်ပေါ်လာတဲ့ သတင်းတွေအရ အေဘရာဟမ်ဟာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ ရည်ရွယ်ထားတဲ့ တိုက်စစ်မှူး ၅ ဦးစာရင်းတွင် ပါဝင်နေပြီး သူ့ရဲ့ရိုးမားအနာဂတ်ကလည်း မသေချာမှုတွေရှိနေပါတယ်။


တန်းဆင်းဇုန်မှာရှိနေတဲ့ ဆမ်ဒိုးရီးယားနှင့် အိမ်ကွင်းမှာကစားရမယ့်ပွဲတွင် ထိပ်ဆုံး၄ သင်းအတွင်းသို့ ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ရိုးမားအတွက် အေဘရာဟမ်က ပါဝင်ကစားပေးဖို့ မျှော်လင့်ရပါတယ်။

#ရိုးမား #ချဲလ်ဆီး #အေဘရာဟမ် #ပရီးမီးယားလိဂ်