ရှေ့သို့
Image

ဆီမီကတ်စ်ရဲ့ မျက်နှာကိုကြည့်ပြီး လေးစားမှုမရှိဘဲ အောင်ပွဲခံလိုက်တာ မဟုတ်ပါဘူးလို့ ဖြေရှင်းလိုက်တဲ့ ဂွါဒီယိုလာ

9:34 AM, 2 April

စနေနေ့က မန်စီးတီးရဲ့ လီဗာပူးကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ လေးစားမှုမရှိတဲ့ အပြုမှုကိုလုပ်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေကို ဂွါဒီယိုလာက ငြင်းဆိုခဲ့ပါတယ်။


လီဗာပူးကွင်းလယ်ကစားသမား အာသာမယ်လိုကို လက်ဆွဲနှုတ်ဆက်ပြီး ဂျူလီယန်အဲဗာရက်ဇ်ရဲ့ချေပဂိုးကို အောင်ပွဲခံရာတွင် လီဗာပူးအရန်ကစားသမား ဆီမီကပ်စ်ရဲ့ မျက်နှာကို ကြည့်ပြီးအောင်ပွဲခံခဲ့တဲ့ပုံ ပေါက်ခဲ့ပါတယ်။ မန်စီးတီးဟာ ၄-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြက အဆိုပါအချက်ကို ငြင်းဆိုခဲ့ပါတယ်။


"ကျွန်တော်က အပျော်လွန်ပြီး ငါတို့ရဲ့ဂိုးက ဘယ်လောက်အထိလှလိုက်သလဲလသို့ ပြောမိခဲ့ပါတယ်" လို့ ဂွါဒီယိုလာက ပြောပါတယ်။


သူ့ရဲ့အပြောအဆိုတွေက ရန်စသလိုဖြစ်စေသလို မလေးစားမှုဖြစ်တယ်လို့ မြင်နိုင်သလားလို့ မေးရာတွင် ဂွါဒီယိုလာက "အဲ့ဒီလိုမဟုတ်ပါဘူး။ အဲဒီအတွက်တောင်းပန်ပါတယ်။ လေးစားမှုမရှိတဲ့ပုံပေါက်သွားရင် ကျွန်တော့်ကို မေးနိုင်သလို ဆီမီကပ်စ်ကိုလည်း မေးကြည့်နိုင်ပါတယ်။ ကျွန်တော့်သားတွေနဲ့ အောင်ပွဲခံသလို လုပ်ခဲ့တာပါ။ ကျွန်တော် တောင်းပန်ပါတယ်။ လေးစားမှုမရှိဘူးလို့ ထင်ခဲ့မယ်ဆိုရင် ဟုတ်ပြီ ကျွန်တော် တောင်းပန်ပါတယ်" လို့ ပြောပါတယ်။


မန်စီးတီးရဲ့အနိုင်ရမှုက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှာ အာဆင်နယ်အသင်းကို ဆက်လက်ဖိအားပေးစေနိုင်ခဲ့ပြီး လီဗာပူးအသင်းကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြီးမားတဲ့အလုပ်တစ်ခုကို လုပ်ရဖို့နှင့် ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ မိုဟာမက်ဆာလာရဲ့ ပထမပိုင်းသွင်းဂိုးဖြင့် လီဗာပူးတို့ ဦးဆောင်ဂိုးရရှိခဲ့သော်လည်း အဲဗာရက်ဇ်၊ ကီဗင်ဒီဘရိုင်း၊ ဂန်ဒိုဂန်နှင့် ဂျက်ဂရီလစ်ရှ်တို့ အားလုံးက မန်စီးတီးအတွက်ဂိုးတွေ သွင်းယူပေးသွားခဲ့ကြပါတယ်။

#လီဗာပူး #ဂွါဒီယိုလာ #ဆီမီးကတ်စ် #ပရီးမီးယားလိဂ်