ရှေ့သို့
Image

ဘာစီလိုနာ ၊ ချဲလ်ဆီးတို့နှင့် ပွဲစဉ်မတိုင်ခင် အဓိကနောက်ခံလူကို ဆုံးရှုံးထားရတဲ့ ရီးရဲလ်မက်ဒရစ်

11:03 AM, 1 April

ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိရာသီရဲ့နောက်ဆုံးအဆင့်ကို ကောင်းကောင်းမွန်မွန်နဲ့ ဖြတ်သန်းနိုင်မယ်လို့ ထင်ရပေမယ့် အခုချိန်မှာတော့ အဓိကခံစစ်ကစားသမားကို ဆုံးရှုံးသွားခဲ့ရပြီဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ်များမစခင်မှာ မန်ဒီက အသင်းသို့ ပြန်ရောက်လာခဲ့သော်လည်း မကြာခင်မှာပဲ နောက်တစ်ကြိမ်ဒဏ်ရာ ရရှိသွားခဲ့ရပါတယ်။

ပြင်သစ်နောက်တန်းကစားသမားဟာ လေ့ကျင့်ရေးမှာ ခြေသလုံးကြွက်သားဒဏ်ရာ ရရှိခဲ့တယ်လို့ ရီးရဲလ်မက်ဒရစ်က အတည်ပြုခဲ့ပါတယ်။ အသင်းဟာ မန်ဒီ ပြန်ကောင်းလာမယ့် အချိန်ကို မပြောခဲ့သော်လည်း ကစားသမားက နောက်ထပ်တစ်လလောက် ကစားနိုင်သေးမှာမဟုတ်ပါဘူးလို့ မက်ဒရစ်က ထင်နေပါတယ်။

အန်ဆယ်လော့တီဟာ ကိုပါဒယ်ရေးပြိုင်ပွဲအဖြစ် ဘာစီလိုနာ၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ်  ချဲလ်ဆီးတို့နဲ့ကစားရမယ့်ပွဲတွေမှာ မန်ဒီမပါဝင်ဘဲ ကစားရတော့မှာဖြစ်ပါတယ်။ မန်ဒီဟာ ရီးရဲလ်ဗယ်လာဒိုလစ်၊ ဗီလာရီးရဲလ်၊ ကာဒစ်၊ ဆဲလ်တာဗီဂို၊ ဂျီရိုနာ၊ အယ်မာရီယာတို့နှင့် ယှဉ်ပြိုင်ရမယ့်ပွဲတွေအားလုံးကို လွဲချော်မှာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ဒဏ်ရာကြောင့် နောက်ဆုံး လာလီဂါ ၉ ပွဲမှာ ၈ ပွဲအထိ လွဲချော်ခဲ့ပြီး ဒုတိယရာသီဝက်ရဲ့ပွဲစဉ်အများစုကို လွဲချော်ရမယ့်ပုံရှိနေပါတယ်။ နာချိုဖာနန်ဒက်စ်၊ ကာမာဗင်ဂါနှင့် အယ်လာဘာတို့ကို ခံစစ်ရဲ့ဘယ်ဘက်ခြမ်းတွင် ကစားဖို့ ရွေးချယ်လို့ရနေပါတယ်။ နာချို နှင့် ကာမာဗင်ဂါတို့ဟာ နောက်ပိုင်းမှာ အဆိုပါတာဝန်တွေကို ခွဲတွေယူခဲ့တာဖြစ်သော်လည်း အယ်လာဘာ ကိုယ်တိုင်က ဒဏ်ရာကနေ ပြန်ကောင်းလာနေပြီဖြစ်ပါတယ်။

#လာလီဂါ #ချဲလ်ဆီး #ရီးရဲလ်မက်ဒရစ် #မန်ဒီ