ပြင်သစ်အမျိုးသမီးအသင်းကိုကိုင်တွယ်ဖို့ ဆော်ဒီနည်းပြရာထူးကနေ နုတ်ထွက်ခွင့်တင်ခဲ့တဲ့ ရီနာ့တ်
10:11 AM, 30 March
အခုနှစ်မှာကျင်းပမယ့် အမျိုးသမီးကမ္ဘာ့ဖလားပွဲမတိုင်ခင် ရီနာ့တ်တစ်ယောက် ဆော်ဒီအသင်းနည်းပြရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပြီး ပြင်သစ်အမျိုးသမီးအသင်းကို ကိုင်တွယ်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အသက် ၅၄ နှစ်အရွယ်ပြင်သစ်သားဟာ ၂၀၁၉ ဇူလိုင်လတုန်းက ဆော်ဒီအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းကို ၂-၁ နဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဆော်ဒီဘောလုံးအဖွဲ့ချုပ်ကတော့ တွစ်တာကနေ ရီနာ့တ်ရဲ့တောင်းဆိုမှုကြောင့် စာချုပ်ဖျက်သိမ်းဖို့ သဘောတူခဲ့ပြီး သူ့အနာဂတ်မှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
“ရီနာ့တ်ကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ကမ်းလှမ်းခဲ့ပြီး သူကိုယ်တိုင်လည်း အဲ့တာဝန်ကိုယူချင်နေပါတယ်။ ကျွန်ောတ်တို့ နိုင်ငံတကာအပြောင်းအရွှေ့မတိုင်ခင် ၄ ရက်အလိုက အသိပေးခဲ့တာပါ။ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဆီက စာလည်းလက်ခံရရှိခဲ့ပါတယ်။
အသင်းဘုတ်အဖွဲ့လည်း ဒီတောင်းဆိုမှုကို လက်ခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ဆော်ဒီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ရီနာ့တ်ဟာပထမဆုံးပွဲအဖြစ် ကမ္ဘာ့ဖလားမတိုင်ခင် အိုင်ယာလန်အသင်းနဲ့ ချစ်ကြည်ရေးပွဲကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။
ပြင်သစ်အသင်းာ အခုလအစောပိုင်းတုန်းက နည်းပြ ဒီယာခရီကို ထုတ်ပယ်ခဲ့ပြီး ရီနာ့တ်ကို ခန့်အပ်ဖို့ ပြင်ဆင်နေကာ အခုနှစ်အမျိုးသမီးကမ္ဘာ့ဖလားကို ရယူချင်နေပါတယ်။
“၄ နှစ်တာကာလအတွင်း ဆော်ဒီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေရဲ့ထောက်ခံမှုအတွက် လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ဒီအသင်းနဲ့အတူ အများကြီးလုပ်ခဲ့ပြီးပြီလို့ ထင်ပါတယ်။
ကျွန်တော် နောက်တစ်ဆင့်မတက်နိုင်ပါဘူး။ အဲ့တာက အရိုးသားဆုံးဝန်ခံတာပါ။ ကျေးဇူးတင်ပါတယ်”လို့ ရီနာ့တ်က ပြောကြားခဲ့ပါတယ်။
ဆော်ဒီအသင်းကတော့ ၄ ကြိမ်မြောက်အာရှဖလားရယူနိုင်ဖို့ အလိုရှိနေပြီး နည်းပြသစ်ခန့်အပ်ဖို့ ပြင်ဆင်နေပါတယ်။
#ပြင်သစ် #ဆော်ဒီ